马宁

တရုတ်နိုင်ငံသည် ရှင်းကျန်းလုပ်ငန်း နှီးနှောဖလှယ်ပွဲကို ကျင်းပ

(GMT+08:00)2020-09-27 09:53:51  

တရုတ်နိုင်ငံသည် ရှင်းကျန်းလုပ်ငန်း နှီးနှောဖလှယ်ပွဲကို ကျင်းပ_fororder_新疆

  တတိယအကြိမ်မြောက် တရုတ်ကွန်မြူနစ်ပါတီ ဗဟို ကော်မတီ ရှင်းကျန်းလုပ်ငန်းနှီးနှောဖလှယ်ပွဲကို စက်တင်ဘာလ ၂၅ရက်နေ့မှ ၂၆ရက်နေ့အထိ ပီကင်းမြို့၌ ကျင်းပခဲ့ပါသည်။ တရုတ်ကွန်မြူနစ်ပါတီ နှင့် နိုင်ငံတော် အမြင့်ဆုံးခေါင်းဆောင် ရှီကျင့်ဖိန်က စီမံအုပ်ချုပ်ရေးစနစ်နှင့် စီမံအုပ်ချုပ်နိုင်စွမ်းခေတ်မီစေရေး တွန်းအားပေးခြင်းကို  အာမခံပေးပြီး စည်းလုံးညီညွတ်ရေး၊ သင့်မြတ်သာယာရေး၊ စည်ပင်ဝပြောရေး၊ ချောင်လည်ကြွယ်ဝရေးရှိသော ခေတ်သစ်တရုတ်ထူးခြားချက်ဝိသေသ ပါရှိသော ဆိုရှယ်လစ်ရှင်းကျန်းကို တည်ဆောက်ရန် ကြိုးပမ်းဆောင်ရွက်မည်ဖြစ်ကြောင်း အလေးထားပြောကြား သည်ဟု China Media Group မှ သတင်းအရ သိရပါသည်။

တရုတ်နိုင်ငံသည် ရှင်းကျန်းလုပ်ငန်း နှီးနှောဖလှယ်ပွဲကို ကျင်းပ_fororder_新疆2

  ရှင်းကျန်းလူမှုရေးအခြေအနေ ဆက်တိုက်တည်ငြိမ်စေရေးနှင့်ရေရှည်တည်ငြိမ်စေရေး ကို ထိန်းထားရန်အတွက် ဥပဒေနှင့်အညီ နိုင်ငံတော်ကိုဘက်စုံစီမံအုပ်ချုပ်ရေး၏ တောင်းဆိုချက်များကို ရှင်းကျန်းလုပ်ငန်းနယ်ပယ်အသီးသီး၌ လက်တွေ့ ဖော်ဆောင်ရမည်ဖြစ်ကြာင်း၊ ဖွံ့ဖြိုးတိုးတက်ရေးသည် ရှင်းကျန်းရေရှည်တည်ငြိမ်ရေး အတွက် အရေးကြီးအခြေခံအုတ်မြစ်ဖြစ်ကြောင်း၊ ရှင်းကျန်းတောင်ပိုင်း စီးပွားလူမှုရေးဖွံ့ဖြိုးတိုးတက်မှုနှင့် ပြည်သူတို့၏ စားဝတ်နေရေး ကောင်းမွန်စေရေးကို အားကောင်းစွာတွန်းအားပေးရမည်ဖြစ်ကြာင်း၊ ရှင်းကျန်းကို  တည်ဆောက်ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးတွင် ရဲဝံ့စွာတာဝန်ယူတတ်သော ထူးချွန်သည့် လူနည်းစု တိုင်းရင်းသား ကေဒါများကို အပြည့်အဝယုံကြည်သင့်ကြောင်း၊ အလွန်ထူးချွန်သော ကေဒါများကို စည်းကမ်းသတ်မှတ်ချက်အတိုင်းမဟုတ်ဘဲ ရာထူးတိုက်ရိုက်တိုးမြှင့်ပေးနိုင်ကြောင်း ရှီကျင့်ဖိန်က ပြောကြားပါသည်။