洪荃诠

တရုတ်နိုင်ငံတော် ဥက္ကဋ္ဌ ရှီကျင့်ဖိန်သည် ၇၅ ကြိမ်မြောက် ကုလသမဂ္ဂ အထွေထွေညီလာခံ ယေဘုယျ အချေအတင် ဆွေးနွေးပွဲတွင် အရေးကြီး မိန့်ခွန်း ပြောကြား

(GMT+08:00)2020-09-23 14:53:26  

တရုတ်နိုင်ငံတော် ဥက္ကဋ္ဌ ရှီကျင့်ဖိန်သည်  ၇၅ ကြိမ်မြောက် ကုလသမဂ္ဂ အထွေထွေညီလာခံ ယေဘုယျ အချေအတင် ဆွေးနွေးပွဲတွင် အရေးကြီး မိန့်ခွန်း ပြောကြား_fororder_1126527647_16007874795511n (1)

    တရုတ်နိုင်ငံတော် ဥက္ကဋ္ဌ ရှီကျင့်ဖိန်သည် ယခုလ ၂၂ ရက်နေ့က ၇၅ ကြိမ်မြောက် ကုလသမဂ္ဂ အထွေထွေညီလာခံ ယေဘုယျ အချေအတင် ဆွေးနွေးပွဲတွင် အရေးကြီး မိန့်ခွန်း ပြောကြားခဲ့ပါသည်။

    ရှီကျင့်ဖိန်က၊ လူသားများသည် နောက်ဆုံး၌ ကိုဗစ်-၁၉ ကူးစက်ရောဂါကို အောင်မြင်စွာ တိုက်ဖျက်နိုင်မည် ဖြစ်ပြီး နိုင်ငံတကာ ပြည်သူများသည် အောင်ပွဲ ရရှိနိုင်မည် သေချာကြောင်း အလေးအနက် ပြောကြားပါသည်။ 
    ရှီကျင့်ဖိန်က၊ တရုတ်နိုင်ငံသည် နိုင်ငံအသီးသီးတို့နှင့် ကိုဗစ်-၁၉ တိုက်ဖျက်ရေး အတွေ့အကြုံနှင့် ကုသနည်းပညာများကို ဆက်လက် မျှဝေပေးမည် ဖြစ်ပြီး လိုအပ်ချက် ရှိသည့် နိုင်ငံများအား အားပေးထောက်ခံကာ နိုင်ငံတကာ ကူးစက်ရောဂါ တိုက်ဖျက်ရေး ကုန်ပစ္စည်းများ ဖြန့်ဖြူးမှု ကွင်းဆက်များ ပုံမှန် တည်ငြိမ်ရေးကို အာမခံ ပေး၍ ဗိုင်းရပ်စ်၏ အရင်းအမြစ် စူးစမ်းရှာဖွေရေးနှင့် ကူးစက်ပျံ့နှံ့မှု ပုံစံဆိုင်ရာ နိုင်ငံတကာ သိပံ္ပပညာ သုတေသနပြု လေ့လာရေးတွင် တက်ကြွစွာ ပါဝင်ဆောင်ရွက်မည် ဖြစ်ကြောင်း ပြောကြားပါသည်။
    ရှီကျင့်ဖိန်က၊ မည်သည့်နိုင်ငံ မဆို အခြားနိုင်ငံများ၏ အခက်အခဲဖြင့် ကိုယ်ကျိုး ရှာကြံလို့ မရကြောင်း၊ “မိသားစုကြီး”နှင့် “အပြန်အလှန် အကျိုးရှိစေရေး”အယူအဆ ဖြစ်တည်စေရမည် ဖြစ်ကြောင်း၊ နိုင်ငံအသီးသီးတို့ ကိုယ့်ဆန္ဒအလျောက် ရွေးချယ်ထားသော ဖွံ့ဖြိုးတိုးတက်ရေး လမ်းကြောင်းနှင့် အသွင်ပုံစံကို အပြန်အလှန် လေးစားရမည် ဖြစ်ကြောင်း ပြောကြားပါသည်။
    ရှီကျင့်ဖိန်က၊ ကမ္ဘာကြီးသည် တံခါးပိတ် အနေအထားထံသို့ ပြန်လည် နောက်ဆုတ်နိုင်မည် မဟုတ်သလို ကမ္ဘာကြီးကို လူ့ပယောဂကြောင့် ပိုင်းဖြတ် ခွဲပစ်နိုင်မည်လည်း မဟုတ်ကြောင်း၊ စီးပွါးရေး ဂလိုဘယ်လိုက်ဇေးရှင်းကြောင့် ဖြစ်ပေါ် လာသော စိန်ခေါ်မှုများကို တိမ်းရှောင်လို့ မရဘဲ ဆင်းရဲ ချမ်းသာ ကွာဟမှု၊ ဖွံ့ဖြိုးရေး ကွာဟမှု စသည့် အရေးကြီး ပြဿနာများကို ရင်ဆိုင်ရမည် ဖြစ်ကြောင်း ပြောကြားပါသည်။
   ရှီကျင့်ဖိန်က၊ နိုင်ငံအသီးသီးတို့သည် ဆန်းသစ်တီထွင်ရေး၊ ညှိနှိုင်းဆောင်ရွက်ရေး၊ မြစိမ်းရောင် ဖွံ့ဖြိုးရေး၊ တံခါးဖွင့်ရေး၊ အတူမျှဝေရေး အပါအဝင် ဖွံ့ဖြိုးတိုးတက်ရေး အတွေးအခေါ်သစ်များကို ထူထောင်ရမည် ဖြစ်ပြီး အသစ်တစ်ဖန် သိပံ္ပနည်းပညာ တော်လှန်ရေးနှင့် ကုန်ထုတ်လုပ်မှု ပြုပြင်ပြောင်းလဲရေး ဖြစ်သည့် သမိုင်းဝင် အခွင့်အလမ်းများကို မိမိရရ အသုံးချပြီး ကူးစက်ရောဂါလွန်ချိန် ကမ္ဘာ့စီးပွါးရေး မြစိမ်းရောင် နာလန်ပြန်ထူခြင်းကို တွန်းအား ပေးရမည် ဖြစ်ကြောင်း ပြောကြားပါသည်။
    ရှီကျင့်ဖိန်က၊ နိုင်ငံတကာ စီမံခန့်ခွဲရေးသည် အတူတိုင်ပင် အတူ တည်ဆောက် အတူ မျှဝေရေး မူကို စွဲကိုင်ရမည် ဖြစ်ပြီး နိုင်ငံအသီးသီးတို့ အခွင့်အရေး တန်းတူညီမျှရေး၊ အခွင့်အလမ်း တန်းတူညီမျှရေး၊ စည်းမျဉ်းစည်းကမ်း တန်းတူညီမျှရေးကို တွန်းအားပေးရမည် ဖြစ်ကြောင်း ပြောကြားပါသည်။ 

     ရှီကျင့်ဖိန်က၊ နိုင်ငံအချင်းချင်းအကြား သဘောကွဲလွဲမှု ရှိခြင်းသည် ပုံမှန်ကိစ္စ ဖြစ်ပြီး တိုင်ပင်ဆွေးနွေးသောနည်းလမ်းဖြင့် ကိုင်တွယ်ဖြေရှင်းသင့်ကြောင်း၊ နိုင်ငံအချင်းချင်း အကြား ယှဉ်ပြိုင်မှုသည် အပြုသဘောဆောင်ခြင်း ဖြစ်ရမည် ဖြစ်ပြီး အကျင့်တရားနှင့် နိုင်ငံတကာ စည်းမျဉ်းစည်းကမ်းများကို စောင့်ထိန်းရမည် ဖြစ်ကြောင်း၊ နိုင်ငံကြီး အနေနှင့် နိုင်ငံကြီး ထမ်းဆောင်သင့်သော တာဝန်ဝတ္တရားကို ထမ်းဆောင်သင့်ကြောင်း ပြောကြား ပါသည်။ 

    ရှီကျင့်ဖိန်က၊ တရုတ်နိုင်ငံသည် ကမ္ဘာပေါ်တွင် အကြီးဆုံးသော ဖွံ့ဖြိုးဆဲ နိုင်ငံ ဖြစ်ပြီး ငြိမ်းချမ်းစွာ ဖွံ့ဖြိုးရေး၊ တံခါးဖွင့် ဖွံ့ဖြိုးရေး၊ ပူးပေါင်းဆောင်ရွက် ဖွံ့ဖြိုးရေးနှင့် အကျိုးတူ ဖွံ့ဖြိုးရေး လမ်းကြောင်း အတိုင်း လျှောက်လှမ်းသည် ဖြစ်ကြောင်း အလေးအနက် ပြောကြားခဲ့ပါသည်။

တရုတ်နိုင်ငံတော် ဥက္ကဋ္ဌ ရှီကျင့်ဖိန်သည်  ၇၅ ကြိမ်မြောက် ကုလသမဂ္ဂ အထွေထွေညီလာခံ ယေဘုယျ အချေအတင် ဆွေးနွေးပွဲတွင် အရေးကြီး မိန့်ခွန်း ပြောကြား_fororder_1126527647_16008203643571n