张晓宁

ကုလသမဂ္ဂလူ့အခွင့်အရေး ကောင်စီ၏ ၄၅ ကြိမ်မြောက် အစည်းအဝေးဖွင့်လှစ်

(GMT+08:00)2020-09-16 16:09:52  

ဒေသစံတော်ချိန် စက်တင်ဘာလ ၁၄ ရက်နေ့က ကုလသမဂ္ဂလူ့အခွင့်အရေး ကောင်စီ၏ ၄၅ ကြိမ်မြောက် ဗီဒီယိုအစည်းအဝေးကို ဂျီနီဗါမြို့ရှိ palace of nations ၌ ဖွင့်လှစ်ခဲ့ပါသည်။

ကုလသမဂ္ဂလူ့အခွင့်ရေးရာ အဆင့်မြင် commissioner Bachelet က အစည်းအဝေးတွင် မိန့်ခွန်းပြောကြားရာ၌ ကိုဗစ်-၁၉ ရောဂါကူးစက်ပြန့်ပွားမှုကြောင့် တစ်ကမ္ဘာလုံးတွင် ဂယက် ရိုက်ခတ်မှု ဆိုးရွားစွာ ခံခဲ့ရကြောင်း၊ လူသားများသည် အကျပ်အတည်းအမျိုးမျိုးကို ရင်ဆိုင်နေရသောကြောင့် အခက်အခဲများကို အတူကျော်လွှားရန်အတွက် လက်တွဲ ကြိုးပမ်းဆောင်ရွက်သင့်ကြောင်း ဖော်ပြခဲ့သည်ဟု China Media Group မှ သတင်းအရ သိရပါသည်။

ကုလသမဂ္ဂလူ့အခွင့်အရေး ကောင်စီ၏ ၄၅ ကြိမ်မြောက် အစည်းအဝေးဖွင့်လှစ်_fororder_人权