邹立莹

လေပွေအမျိုးသမီးဘောလုံးအသင်း

(GMT+08:00)2020-09-15 14:51:26  

 

ဇာတ်လမ်းမိတ်ဆက်.......

ဒီရုပ်ရှင်ကတော့ ဘောလုံးအားကစားကိုတစ်ခါမျှမတွေ့ဖူးတဲ့ လီတိုင်းရင်းသူမိန်းကလေးတစ်စုဟာဆင်းရဲတဲ့ဘောလုံးနည်းပြတစ်ဦးရဲ့ဦးဆောင်မှုနဲ့အတူအခက်အခဲအတားအဆီးတွေကိုကျော်ဖြတ်ပြီးဘောလုံးအားကစားစိတ်ကူးအိမ်မက်ကိုပျော်စရာဝမ်းနည်းစရာအခက်အခဲများကြားကအကောင်အထည်ဖော်ကြတဲ့ဇာတ်လမ်းတစ်ပုဒ်ဖြစ်ပါတယ်။ရှေးရိုးရာဓလေ့နှင့်ယနေ့ခေတ်အခြေအနေကြားကွာဟမှုပဋိပက္ခများ ၊ အားကစားစိတ်ဓာတ်နှင့်ငယ်ရွယ်သူတို့ရဲ့စိတ်လှုပ်ရှားထက်သန်မှုများ ခင်မင်ဖော်ရွေသည့် မိသားစုမေတ္တာနှင့်ဆရာတပည့်ကြားသံယောဇဉ်မေတ္တာတို့ကိုလီတိုင်းရင်းသားတို့၏ဓလေ့ထုံးတမ်းစဉ်လာများနှင့်အတူရောယှက်ကာ သဘာဝကျသည့်ဟာသများနဲ့တမုထူးခြားတင်ဆက်ထားတဲ့ လူငယ်တွေအတွက် စိတ်ဓာတ်ခွန်အားပေးတဲ့ဇာတ်လမ်းလည်းဖြစ်ပါတယ်။ ယခုရုပ်ရှင်မှာဖြစ်ရပ်မှန်ဇာတ်လမ်းကိုပြန်လည်ရိုက်ကူးထားခြင်းဖြစ်ပါတယ်။“အလှဆုံးရွာကျောင်းဆရာမ”လို့သတ်မှတ်ခံထားရတဲ့ အားကစားနည်းပြဆရာမတစ်ဦးဟိုင်နန်မြို့ကျင်းကျုံးအလယ်တန်းကျောင်းသို့ရောက်ရှိလာခဲ့ပြီးနောက်မှာတောင်ပေါ်ဒေသရွာတွေကနေကျောင်းလာတတ်နေရာတဲ့ဘောလုံးအကြောင်းမသိသေးတဲ့မိန်းကလေးတွေကိုစုစည်းပြီးဘောလုံးအသင်းတစ်သင်းဖွဲ့စည်းနိုင်ခဲ့ပါတယ်။ဒီနောက်မှာအခါခါဖာထေးထားတဲ့ ဘောကန်ဖိနပ်များကိုစီးပြီးမရေမတွက်နိင်တဲ့ကျရှုံးမှုများနှင့်အတူ ဘောလုံးအသင်းဟာချွေးနဲ့မျက်ရည်များကိုကျော်ဖြတ်ပြီး အားကစားမြတ်နိုးမှု ၊ ဇွဲလုံးလများနှင့်အတူနောက်ဆုံးမှာတောတောင်ဇနပုဒ်ကနေ ကမ္ဘာသိအောင်ကြိုးစားပြနိုင်ခဲ့ပါတယ်။