邹立莹

Detective Chinatown

(GMT+08:00)2020-09-15 15:01:15  

 

ဇာတ်လမ်းမိတ်ဆက်.......

ပါရမီရှိပြီးစကားထစ်နေတဲ့ကောင်လေး ချင်ဖုန်း တစ်ယောက်ရဲလေ့ကျင့်သင်ကြားရေးကျောင်းကို ဝင်ခွင့်ဖြေဆိုရာမှာကျရှုံးခဲ့သည့်အတွက် အဖွားဖြစ်သူက စိတ်ပြေလက်ပျောက်ဖြစ်စေရန် ဦးလေးဝမ်းကွဲ ထျန်လန် ရှိရာ ထိုင်းနိုင်ငံ ကိုစေလွတ်ခဲ့ပါတယ်။ဦးလေးဝမ်းကွဲဟာမိမိကိုယ်ကို တရုတ်တန်း ပထမတန်းစားစုံထောက်ဟု တင်စားသော်လည်း တကယ်တော့ အဖြစ်မရှိသိမ်ဖျင်းပြီးအပေါစားဆန်သည့် သူတစ်ယောက်ပါ။

တူတော်မောင်နှင့်တစ်ရက်သာ သောက်စားပျော်ပါးပြီးနောက် သူဟာလူသတ်မှုတစ်ခု၏သံသယရှိသူအဖြစ်သတ်မှတ်ခံရသည့်အတွက်တူတော်မောင်ကိုခေါ်ကာအသက်စွန့်ထွက်ပြေးရပါတယ်။သူတို့အားမလွတ်တမ်းလိုက်လံဖမ်းဆီးနေတဲ့ရဲစုံထောက် ဟွမ်လန်တန်း ၊ အဖြစ်မရှိသော်လည်းအမြဲတမ်းကံကောင်းခြင်းတွေသာကြုံနေတဲ့ ရဲဝန်ထမ်း ခွန်းထိုင် ၊ အလွန်တရာကြမ်းကြုတ်ပြီး တလွဲတွေသာဖြစ်နေတဲ့ ဓားပြ ၃ ယောက် ၊ တရုတ်တန်းသမိုင်းအကြောင်းကိုအကုန်သိနေတဲ့ တရုတ်တန်းအဘိုးအို ၊တရုတ်တန်းမှာအလွန်လှပတဲ့အိမ်ပိုင်ရှင်သူဌေးမ အားရှမ်း တို့အသီးသီးကလည်းရုပ်ရှင်ဇာတ်လမ်းကို ရယ်မောသံတွေနဲ့ပြည့်သွားစေပါတယ်။ ၇ ရက်အတွင်း ထျန်လန် ချင်ဖုန်း တို့ မတည့်အတူနေ တူဝရီး နှစ်ယောက် ဟာကွက်မရှိပူးပေါင်းပြီး ရဲတွေရဲ့ လိုက်လံဖမ်းဆီးမှုကိုကျော်ဖြတ် ဓားပြတွေရဲ့လိုက်လံသတ်ဖြတ်မှုကိုရှောင်ရှား ၊လူမိုက်ဂိုဏ်းရဲ့ခြိမ်းခြောက်မှု ကိုရင်ဆိုင်ကာ ၇ ရက်အတွင်း ပျောက်သွားတဲ့ ရွှေတွေနဲ့တရားခံအမှန်ကိုဖော်ထုတ်နိုင်ခဲ့ပါတယ်။ဒီဇာတ်ကားမှာတရုတ်နာမည်ကျော်ဟာသ သရုပ်ဆောင် ဝမ်ပေါင်ချန်နှင့်ချန်ဟော့တို့ကအတွဲညီညီနဲ့ပရိတ်သတ်ကိုဟာသရသတွေကိုပေးစွမ်းခဲ့ပါတယ်။