邹立莹

Fighting Men of China

(GMT+08:00)2020-09-15 16:11:52  

  

Fighting Men of China (တိုက်ပွဲဝင်သူ)

ဒါရိုက်တာ - Liu Yadang 

သရုပ်ဆောင် - Zhao LiXin ၊ Ling XiaoSu ၊ Wang Jia ၊Dong QiMa

ရုပ်ရှင်အမျိုးအစား - စိတ်ခွန်အားပေးဇာတ်လမ်း (၁၂၃ မိနစ်)

 

ဇာတ်လမ်းမိတ်ဆက်.......

ဒီရုပ်ရှင်က၉၀ပြည့်နှစ်နှောင်းပိုင်းကနေယနေ့အထိနှစ်၂၀ကျော်ကာလအတွင်းအင်တာနက်လုပ်ငန်းများတရုတ်နိုင်ငံမှာစတင်ဖြစ်ထွန်းလာပုံ ၊ ဟန်သာသာပဲရှိတော့တဲ့လုပ်ငန်းက  အင်တာနက်ဖွံဖြိုးမှုကြောင့် အရှိန်အဟုန်ဖြင့် ဖွံ့ဖြိုးခဲ့သည် အောင်မြင်မှုခရီးလမ်းကိုပုံဖော်ရိုက်ကူးထားတာဖြစ်ပါတယ်။

ဒီဇာတ်လမ်းမှာပရိတ်သက်တွေကွက်ကွက်ကွင်းကွင်းမြင်နိုင်တာကမတူညီတဲ့လုပ်ငန်းခွင်ကိုကိုယ်စားပြုတဲ့လူငယ်သုံးဦးဖြစ်တဲ့ ပရိုဂရမ်မာ ချူကျန့်ဟွေး နဲ့ ချင်လေ ၊ ရင်းနှီးမြှုပ်နှံသူ ရွီစွမ့်ကျီးတို့အကြောင်းကိုဖော်ကျူးထား တာဖြစ်ပါတယ်။

အဓိကအားဖြင့်သူတို့၃ယောက်ရဲ့ရူထောင့်ကနေပြီးပရိုဂရမ်မာတစ်ယောက်ကစွန့်ဦးတီထွင်သူတစ်ယောက်အဖြစ်ပြောင်းလဲသွားမှု ၊ သူတို့ ၃ ဦး အင်တာနက်စီးပွားရေးဂယက်မှာ စွန့်ဦးတီထွင်ကာ လက်မလျော့ပဲကြိုးပမ်းမှုတွေကြောင့် လုပ်ငန်းအောင်မြင်သွားသည့်အကြောင်းကိုတင်ဆက်ထားပြီး တရုတ် အင်တာနက်လုပ်ငန်းရှင်တို့ရဲ့ စိတ်ခွန်အားနဲ့ အမျိုးသားရေးစိတ်ဓာတ်ကိုပေါ်လွင်စေခဲ့ပါတယ်။

သူ့တို့ကခေတ်သစ်မှာ ဘ၀အတွက်တိုက်ပွဲဝင်သူတွေရဲ့ပြယုဂ်ဖြစ်လာခဲ့ကာ တရုတ်အင်တာနက်လုပ်ငန်းမှာ  စွန့်ဦးတီထွင်သူတွေရဲ့ စိတ်အားထက်သန်မှုကတော့ မပြတ်ပေါ်ထွန်းနေဆဲပါ။