邹立莹

ကွမ်ဖူးယောဂ

(GMT+08:00)2020-09-15 14:40:58  

 

ဇာတ်လမ်းမိတ်ဆက်.......

ကွမ်ဖူးယောဂ ဟာ ဟာသဇာတ်ကားဖြစ်ပြီး ဒါရိုက်တာ ထျန်ကျိလီ ရိုက်ကူးပြီး ဂျက်ဂီချန်း၊လီကျင့်ထင် တို့ပါဝင်သရုပ်ဆောင်ထားပြီး ၂၀၁၇ ခုနှစ် ဇန်နဝါရီလ ၂၈ ရက်နေ့တွင်တရုတ်နိုင်ငံ၌ရုံတင်ပြသခဲ့ပါတယ်။

ရှေးဟောင်းသုတေသနပညာရှင် Jack ဟာနှစ်ပေါင်းများစွာကျောင်း မှာပဲဆရာအဖြစ်သမိုင်း ဘာသာ သင်ကြားနေသူဖြစ်ပေမယ့်  သူပြောပြတဲ့သမိုင်းပုံပြင်တွေကိုကျောင်းအုပ်နဲ့ကျောင်းသားတွေကမယုံတစ်ဝက် ယုံတစ်ဝက်ဖြစ်နေပါတယ်။တစ်နေ့  သူ့အတန်းချိန်အပြီးမှာ အိန္ဒိယတိုင်းရင်းသူမိန်းမပျိုလေးတစ်ယောက်က Jack ကိုလာတွေ့တဲ့အခါ သူမယူလာတဲ့ နှစ်တစ်ထောင်သက်တမ်းရှိတဲ့ မြေပုံတစ်ခုက Jack ကို ဖမ်းစားနိုင်ခဲ့ပါတယ်။ထို့နောက် Jack ရယ် ၊ သူ့အချစ်ဆုံးသူငယ်ချင်း၏သားဖြစ်သူ Jones နဲ့  လက်ထောင်  ရှောင်ကွမ်း တို့ပူး ပေါင်းကာ “ရတနာသိုက်” ရှာဖွေရေးစွန့်စားခန်းစခဲ့ပါတယ်။ဒူဘိုင်းမှာ သူဌေးများနှင့်ပြိုင်ကားပြိုင် ၊ ရေခဲတောင်မှာ လျို့ဝှက်သည့်ရေခဲဂူ ကိုရောက်ရှိ၊ အိန္ဒိယ မှာခွေးအ များနှင့်တိုက်ခိုက် ၊အိန္ဒိယအထက်တန်းသားများနှင့်အကပြိုင်ကာ ဒီဇာတ်ကားနဲ့ တစ်ကမ္ဘာလုံးက ပရိတ်သက်တွေ ကိုရယ်မောအောင်လုပ်နိုင်ခဲ့ပါတယ်။

ဒီဇာတ်ကားကို နှင်းတောင် ၊ ဒူဘိုင်း ၊ အိန္ဒိယမှာသွားရောက်ရိုက်ကူးထားတာဖြစ်တဲ့အတွက်ပရိတ်သတ်များ အမြင်ကိုဆွဲဆောင်နိုင်မှာအမှန်ပါပဲ။အိန္ဒိယ နာမည်ကျော်မင်းသမီး Disha Patani ၊ Amyra Dastur တို့ရဲ့အလှနဲ့ အကမှာလည်းဇာတ်ကားကိုပိုပြီးအသက်ဝင်သွားစေခဲ့ပါတယ်။သူတို့နှင့် Jackie တို့ရဲ့ ဇာတ်ဝင်ခန်းတွေက ဒီဇာတ်ကားကိုပိုအသက်ဝင်စေခဲ့ပါတယ်။