邹立莹

ပွန်ပေအို၏ တရုတ်ပြည်အား ပုတ်ခတ်ပြောဆိုသည့်စကားများကို တရုတ် နိုင်ငံခြားရေး ဝန်ကြီးဌာန ချေပ

(GMT+08:00)2020-08-13 22:49:29  

မကြာခင်က အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ပွန်ပေအိုက နောက်ထပ်တစ်ကြိမ် တရုတ်ပြည်အား မဟုတ်မမှန် ပုတ်ခတ်ပြောဆိုခဲ့သည်။ ယင်းနှင့်ပတ်သက်၍ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနမှ ပြောရေးဆိုခွင့်ရှိသူ ကျောက်လိကျန်းက ၁၃ ရက်နေ့က ကျင်းပခဲ့သော ပုံမှန်သတင်းစာရှင်းလင်းပွဲတွင် ပွန်ပေအိုသည် စစ်အေးအတွေးအခေါ်အရ ကိုယ်ကျိုးစီးပွားအတွက် တရုတ်ကွန်မြူနစ်ပါတီနှင့် တရုတ်ပြည်၏ ပြည်တွင်းပြည်ပဆိုင်ရာ ပေါ်လစီများကို အကြောင်းမဲ့ ထပ်ခါတလဲလဲ ပြစ်တင်ရှုတ်ချခဲ့ကြောင်း၊ တရုတ်နိုင်ငံသည် တည်ကြည် လေးနက်သော ရပ်တည်ချက်များကို ကြိမ်ဖန်များစွာ ရှင်းလင်း ပြတ်သားစွာ ဖော်ပြခဲ့ပြီဖြစ်ကြောင်း ပြောကြားခဲ့သည်ဟု China Media Groupမှ သတင်းအရ သိရပါသည်။