邹立莹

ပုတ်သင်ညိုလို အရောင်ပြောင်းတတ်တဲ့ ပွန်ပေအိုရဲ့ ပရိယာယ်များ

(GMT+08:00)2020-08-13 22:49:57  

မကြာခင်က China Media Group ရဲ့ အင်တာဗျူး အစီအစဉ်မှာ အမေရိကန် နာမည်ကြီး သံတမန်ရေးပုဂ္ဂိုလ် Zbigniew Brzezinski ရဲ့သား ဖြစ်သူ Mark Brzezinski က ငွေပိုက်ဆံနဲ့ မဲ ရဖို့ဟာ နိုင်ငံရေးဆိုင်ရာ တစ်ခုတည်းသော ရည်မှန်းချက် ဖြစ်နေပြီ ဖြစ်ပြီး အချောင်သမား အမြောက်အမြား အစိုးရထဲမှာ ရောနှော ဝင်ရောက်ကြတယ်။ ယနေ့ အမေရိကန်ရဲ့ သံတမန်ရေးလောကမှာ အချောင်သမားများက အာဏာ ရနေပြီဖြစ်ပြီး သံတမန်ရေး လုပ်သူတွေကတော့ ဘေးကပ်နေရတယ်လို့ ပြောကြားခဲ့တယ်။ Mark Brzezinski ရဲ့စကားဟာ လက်ရှိ အမေရိကန် နိုင်ငံရေးလောကမှာ လက်တွေ့ အခြေအနေကို ထုတ်ဖေါ်ပြီး သူပြောတဲ့ အချောင်သမား ဆိုသူတွေထဲမှာ ပွန်ပေအိုက စံအတင်လောက်ဆုံး တစ်ဦး ဖြစ်တယ်။

နိုင်ငံခြားရေးဝန်ကြီး ရာထူး နှစ်နှစ်ကျော်ကြာ ထမ်းဆောင်ပြီး ဖြစ်ပေမယ့် လုပ်ငန်း တာဝန်ဆိုင်ရာ အကျိုးသက်ရောက်မှု ရှိတဲ့ အကြောင်းကိစ္စ လုပ်တာတွေ လုံးဝ မရှိတဲ့ အမေရိကန် ထိပ်တန်း သံတမန် အရာရှိ အဖြစ်နဲ့ ပွန်ပေအိုဟာ အောက်ပါအတိုင်း လုပ်နေခဲ့တယ်။ အမေရိကန် ပြည်တွင်းမှာ ကူးစက်ရောဂါ ပြင်းထန်ဆိုးဝါးစွာ ပျံ့နှံ့နေတာကို ရင်ဆိုင်လျက်၊ သူဟာ ပြည်သူလူထုများရဲ့ အသက် လုံခြုံမှုကို လျစ်လျူရှုပြီး ကိုယ့်အပြစ်ကို သူများအပေါ် လွှဲချပစ်ခြင်းနဲ့ ပူးပေါင်းဆောင်ရွက်မှု ဖျက်ဆီးခြင်းကိုပဲ ပြုလုပ်ခဲ့တယ်။ လူမျိုးချင်း ခွဲခြားမှု ဆန့်ကျင်ရေး ဆန္ဒပြပွဲများကို ရင်ဆိုင်လျက် သူဟာ မမြင်ယောင် ဟန်ဆောင်ပြီး အမေရိကန်ပုံစံ ဖြစ်တဲ့ စံနှစ်မျိုးထားခြင်းကို တွန်းအားပေးခဲ့တယ်။ ပြည်တွင်း လူမှုရေး အကျပ်အတည်းနဲ့ ပြည်သူလူထုများရဲ့ မကျေမနပ် ဖြစ်မှုများကို ရင်ဆိုင်လျက် သူဟာ လူအများရဲ့ အာရုံကို ပြောင်းလဲစေဖို့နဲ့ မဲ ရနိုင်ဖို့အတွက် တရုတ်ပြည်အပေါ် တင်းမာဆိုးသွမ်းတဲ့ ပေါ်လစီများကို ကျင့်သုံးခဲ့တယ်။ အထက်ခေါင်းဆောင်ကို ရင်ဆိုင်လျက် သူဟာ ဖားတာ မြှောက်တာ အပါအဝင် ရှိသမျှ နည်းလမ်း အသုံးပြုပြီး အိမ်ဖြူတော်ကို “အမေရိကန်သမ္မတကို ကိုယ်စားပြုတဲ့ ထိပ်ဆုံးဌာန” ဖြစ်အောင် ကြွားခဲ့တယ်။ ကိုယ်ကျိုးစီးပွါး ထိန်းသိမ်းကာကွယ်ဖို့အတွက် ပွန်ပေအိုဟာ သူ အာဏာအလွဲသုံးစားမှု ရှိ မရှိကို စုံစမ်းစစ်ဆေးနေတဲ့ ဌာနကို ကမောက်ကမ ဖြစ်အောင် ဖိနှိပ် ပြုလုပ်ခဲ့တယ်။ သမ္မတ ရာထူး ရချင်တဲ့ ပွန်ပေအိုဟာ အရောင်ပြောင်းတတ်တဲ့ ပုတ်သင်ညိုလို သံတမန်ရေး တာဝန်ဝတ္တရား၊ နိုင်ငံတော် ရုပ်သွင်၊ ပြည်သူလူထုများရဲ့ အကျိုးစီးပွါးများကို အကုန်လုံး ခြေထောက်အောက်မှာ နင်းချေ နေတယ်။ အမေရိကန်ရဲ့ တရုတ်ပြည်ဆိုင်ရာ မူဝါဒဟာ ပွန်ပေအိုလို အချောင်သမားများကြောင့် ဦးတည်ချက် မှားသွားရင် ဒါနဲ့ အမေရိကန် ပြည်သူတစ်ရပ်လုံး နစ်နာဆုံးရှုံးမှုဒဏ်ခံရမယ်လို့ China Media Groupမှ သတင်းဆောင်းပါး တစ်ပုဒ်မှာ ရေးသားဖေါ်ပြ ထားပါတယ်။