宋冉

တရုတ်နှင့် အမေရိကန်တို့ ကူးလူးဖလှယ်မှုရှိခြင်း ဖြစ်သည်ဟု တရုတ် ဆို

(GMT+08:00)2020-08-13 16:21:40  

တရုတ်နှင့် အမေရိကန်တို့သည် အပြန်အလှန် လေးစားသော အခြေခံပေါ်တွင် အဆင့်ဆင့်၊ နယ်ပယ်အသီးသီးတွင် ကူးလူးဖလှယ်နိုင်ပြီး ကူးလူးဖလှယ်မှုလည်း ရှိခြင်း ဖြစ်ကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနမှ ပြောရေးဆိုခွင့်ရှိသူ ကျောက်လိကျန်းက ၁၂ ရက်နေ့က ပုံမှန်သတင်းစာရှင်းလင်းပွဲ၌ ပြောကြားခဲ့သည်ဟု China Media Group မှ သတင်းအရ သိရပါသည်။

ယင်းမတိုင်ခင်က အင်တာဗျူးကို လက်ခံခဲ့ရာတွင် အမေရိကန် သမ္မတ ထရန့်က ကိုဗစ်-၁၉ရောဂါ ဖြစ်ပွားသည့်နောက်ပိုင်း ၎င်းနှင့် တရုတ် ခေါင်းဆောင်တို့၏ ဆက်ဆံမှုတွင် အက်ကြောင်း ပေါ်ထွက်ပြီး နှစ်ဖက်တို့ အတော်ကြာ တယ်လီဖုန်း မဆက်သွယ်ခဲ့ကြောင်း ပြောခဲ့သည်။ ယင်းနှင့်ပတ်သက်၍ ကျောက်လိကျန်းက ကိုဗစ်-၁၉ ဗိုင်းရပ်စ်သည် လူသားတစ်ရပ်လုံး၏ ရန်သူ ဖြစ်ကြောင်း၊ တရုတ်နိုင်ငံသည် ကမ္ဘာ့နိုင်ငံအသီးသီးတို့ လက်တွဲကြိုးပမ်းအားထုတ်ပြီး အတူရင်ဆိုင်ဖြေရှင်းရန် အမြဲ တိုက်တွန်းနေကြောင်း ပြောကြားခဲ့ပါသည်။