宋冉

စည်းလုံးညီညွတ်ရေးနှင့် ပူးပေါင်းဆောင်ရွက်ရေးသည် နိုင်ငံတကာမိသားစုကြီးက ကိုဗစ်-၁၉ တိုက်ဖျက်ရန် အားအကောင်းဆုံးသော လက်နက်ဖြစ်သည်ဟု တရုတ် ကိုယ်စားလှယ်ဆို

(GMT+08:00)2020-08-13 16:23:09  

ကုလသမဂ္ဂဆိုင်ရာ တရုတ်အမြဲတမ်း ကိုယ်စားလှယ် ကျန်းကျွင်းက သြဂုတ်လ ၁၂ ရက်နေ့က ကုလသမဂ္ဂ လုံခြုံရေးကောင်စီ၏ ကူးစက်ရောဂါနှင့် ငြိမ်းချမ်းရေး စိန်ခေါ်မှုဆိုင်ရာ အဆင့်မြင့် အချေအတင် ဆွေးနွေးပွဲတွင် မိန့်ခွန်းပြောကြားခဲ့ပါသည်။ ၄င်းက၊ စည်းလုံးညီညွတ်ရေးနှင့် ပူးပေါင်းဆောင်ရွက်ရေးသည် နိုင်ငံတကာမိသားစုကြီးက ကိုဗစ်-၁၉ တိုက်ဖျက်ရန် အားအကောင်းဆုံးသော လက်နက်ဖြစ်ကြောင်း၊ အငြင်းပွားမှု၏ ဂယက်ရိုက်ခတ်မှု ခံနေရသော နိုင်ငံများသည် ကမ္ဘာ့ကူးစက်ရောဂါတိုက်ဖျက်ရေး အားနည်းသောနေရာများဖြစ်၍ ယင်းနိုင်ငံများ၏ ကူးစက်ရောဂါကာကွယ်ရေးအတွက် ကူညီပေးခြင်းသည် ကူးစက်ရောဂါ အောင်မြင်စွာ တိုက်ဖျက်ရေးနှင့် ငြိမ်းချမ်းရေးရလဒ်များ ခိုင်မြဲစေရေးအတွက် အလွန်အရေးကြီးကြောင်း ပြောကြားခဲ့သည်ဟု China Media Groupမှ သတင်းအရ သိရပါသည်။