宋冉

၂၀၂၀ပြည့်နှစ် ရှာ့မင် နိုင်ငံတကာ ရင်းနှီးမြှုပ်နှံမှုနှင့် ကုန်သွယ်မှု စေ့စပ်ဆွေးနွေးပွဲကို ကျင်းပမည်

(GMT+08:00)2020-08-13 16:23:57  

သြဂုတ်လ ၁၂ရက်နေ့က တရုတ်ပြည် ဖူကျိုးမြို့တွင် ကျင်းပခဲ့သော သတင်းစာ ရှင်းလင်းပွဲ၌  တရုတ်ပြည် ရှာ့မင်မြို့ ဒုမြို့တော်ဝန် လင်ကျန့်က ၂၀၂၀ပြည့်နှစ် နို်င်ငံတကာ ကုန်သွယ်မှု စေ့စပ်ဆွေးနွေးပွဲ၊ ပိုးလမ်းမကြီး ရင်းနှီးမြှုပ်နှံမှု အစည်းအဝေးကို စက်တင်ဘာလ ၈ရက်နေ့မှ ၁၁ ရက်နေ့အထိ ဖူကျန့်ပြည်နယ် ရှာ့မင်မြို့၌  ကျင်းပမည်ဖြစ်ကြောင်း၊ ဖိလစ်ပိုင်နိုင်ငံသည် အဓိကဧည့်နို်င်ငံဖြစ်ကြောင်း၊ လက်ရှိအချိန်တွင် ဂျပန်၊ တောင်ကိုရီးယား၊ ဗြိတိန်၊ ဂျာမဏီ၊ ဘယ်လ်ဂျီယံနှင့် သြစတြီးလျား စသော နိုင်ငံနှင့်ဒေသ ၃၅ ခု ပါဝင်မည်ဟု သတင်းရရှိပြီ ဖြစ်ကြောင်း ကြေညာခဲ့သည်ဟု China Media Groupမှသတင်းအရ သိရပါသည်။