宋冉

ဟောင်ကောင်ရေးရာတွင် မည်သည့်ပြည်ပနိုင်ငံ မဆို ဝင်ရောက်စွက်ဖက်ရန် ခွင့်ပြုမည် မဟုတ်ကြောင်း တရုတ် ဆို

(GMT+08:00)2020-08-13 16:22:10  

ဟောင်ကောင်အထူးအုပ်ချုပ်ရေးဒေသ ဥပဒေပြုရေးကောင်စီ ဆက်လက် တာဝန် ထမ်းဆောင်ခြင်းရေးရာနှင့်ပတ်သက်၍ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနမှ ပြောရေးဆိုခွင့် ရှိသူ ကျောက်လိကျန်းက ဟောင်ကောင်အထူးအုပ်ချုပ်ရေးဒေသ ဥပဒေပြုရေးကောင်စီ ရွေးကောက်ပွဲသည် တရုတ်နိုင်ငံ၏ ဒေသန္တရရွေးကောက်ပွဲဖြစ်ကြောင်း၊ ဟောင်ကောင် ရေးရာသည် တရုတ်ပြည်တွင်းရေး သက်သက် ဖြစ်ပြီး မည်သည့် ပြည်ပနိုင်ငံ အစိုးရ၊ အဖွဲ့အစည်းနှင့် ပုဂ္ဂိုလ် မဆို ဝင်ရောက်စွက်ဖက်ရန် ခွင့်ပြုမည် မဟုတ်ကြောင်း ၁၂ ရက်နေ့က ပုံမှန်သတင်းစာရှင်းလင်းပွဲ၌ ပြောကြားခဲ့သည်ဟု China Media Groupမှ သတင်းအရ သိရပါသည်။

၁၃ကြိမ်မြောက် တရုတ်ပြည်လုံးဆိုင်ရာ ပြည်သူ့ကွန်ဂရက် အမြဲတမ်းကော်မတီ ၂၁ကြိမ်မြောက် အစည်းအဝေးသည် ၁၁ရက်နေ့က ဟောင်ကောင်အထူးအုပ်ချုပ်ရေးဒေသ ဆဋ္ဌမအကြိမ်မြောက် ဥပဒေပြုရေးကောင်စီ ဆက်လက် တာဝန်ထမ်းဆောင်ခြင်းဆိုင်ရာ ဆုံးဖြတ်ချက်ကို အတည်ပြုခဲ့ရာ ဟောင်ကောင်အထူးအုပ်ချုပ်ရေးဒေသ ဆဋ္ဌမအကြိမ်မြောက် ဥပဒေပြုရေးကောင်စီ၏ ဆက်လက်တာဝန်ထမ်းဆောင်မည့် သက်တမ်းသည် တစ်နှစ်ထက်ပိုရပြီး သတ္တမအကြိမ်မြောက် ဥပဒေပြုရေးကောင်စီတာဝန် သက်တမ်းစတင်ချိန်အထိ ဖြစ်ရမည်ဟု သတ်မှတ်ထားပါသည်။