邹立莹

နီပေါနှင့်အတူ နှစ်ဖက်ဆက်ဆံမှုကို တွန်းအားပေလိုသည်ဟု တရုတ် နိုင်ငံခြားရေး ၀န်ကြီးဌာန ဆို

(GMT+08:00)2020-08-13 22:50:29  

တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနမှ ပြောရေးဆိုခွင့်ရှိသူ ကျောက်လိကျန်းက တရုတ် နိုင်ငံသည် နီပေါနှင့်အတူ နှစ်နိုင်ငံ ခေါင်းဆောင်များ၏ သဘောတူညီမှုများကို ဖေါ်ဆောင်ပြီး နှစ်ဖက် ဆက်ဆံမှု တိုးတက်လာရန် တွန်းအားပေးလိုကြောင်း ၁၃ ရက်နေ့က ပုံမှန် သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့ပါသည်။

တရုတ်နှင့် နီပေါ နိုင်ငံခြားရေးဝန်ကြီးဌာန ၁၃ ကြိမ်မြောက် သံတမန်ရေး ဗီဒီယို ဆွေးနွေးပွဲကို ၁၂ ရက်နေ့က ကျင်းပခဲ့ပါသည်။