洪荃诠

အိမ်ဖြူတော်အနီး သေနတ်ပစ်ခတ်မှု ဖြစ်ပွားသဖြင့် ထရန့်၏ သတင်းစာရှင်းလင်းပွဲ ခေတ္တ ရပ်ဆိုင်း

(GMT+08:00)2020-08-12 15:11:31  

၁၀ ရက်နေ့ ညနေပိုင်းတွင် အမေရိကန်နိုင်ငံ အိမ်ဖြူတော်အနီးအနားတွင် သေနတ် ပစ်ခတ်မှု ဖြစ်ပွားသောကြောင့် အိမ်ဖြူတော်၌ သတင်းစာရှင်းလင်းပွဲ ပြုလုပ်နေသော သမ္မတ ထရန့်သည် လုံထိန်းများ၏ ကာကွယ်မှုဖြင့် ခေတ္တ တိမ်းရှောင်ခဲ့ရပါသည်။ မိနစ်အနည်းငယ်အကြာတွင် ထရန့်သည်  သတင်းစာရှင်းလင်းပွဲ ခန်းမသို့ ပြန်ရောက်ပြီး သတင်းစာရှင်းလင်းပွဲ ဆက်လက် ပြုလုပ်ခဲ့သည်။
၎င်းပစ်ခတ်မှုတွင် လုံထိန်းများက လက်နက်ကိုင် သံသယရှိသူအား ပစ်ခတ်ခဲ့ပြီး၊ ၄င်းသံသယရှိသူအား ဆေးရုံသို့ ပို့ဆောင်ခဲ့ပြီဖြစ်ကြောင်း၊ ယခုအထိ ယင်းပစ်ခတ်မှု ဖြစ်ပွားသည့် အကြောင်းရင်းကို မသိရသေးကြောင်း သတင်းရရှိပါသည်။