洪荃诠

အမေရိကန်ကျန်းမာရေးဝန်ကြီး အလက်စ် အာဇာသည် ကူးစက်ရောဂါအခြေအနေကို မငဲ့ကွက်ဘဲ နိုင်ငံရေးရာထူးအတွက်သာ လမ်းခင်း

(GMT+08:00)2020-08-12 15:06:42  

အမေရိကန်ကျန်းမာရေးနှင့် အများပြည်သူဝန်ဆောင်မှုပေးရေးဝန်ကြီး အလက်စ် အာဇာသည် မကြာခင်က အထူးလေယာဉ်ဖြင့် တိုင်ပေမြို့ကိုရောက်ရှိခဲ့သည်ဟု ထိုင်ဝမ်မီဒီယာမှ သတင်းအရ သိရပါသည်။ ယင်းနှင့် ပတ်သက်၍ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနမှ ပြောရေးဆိုခွင့်ရှိသူ ကျောက်လိကျန်းက တရုတ်နိုင်ငံအနေနှင့် အမေရိကန်-ထိုင်ဝမ် အစိုးရချင်းဆက်ဆံမှုကို အမြဲ ပြတ်သားစွာဆန့်ကျင်ပြီး သက်ဆိုင်ရာအကြောင်းအရာနှင့်ပတ်သက်၍ အမေရိကန်ဘက်ကို တည်ကြည် လေးနက်စွာ အရေးဆိုခဲ့ပြီဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။
အာဇာ၏ခရီးစဉ်သည် ကူးစက်ရောဂါအခြေအနေ ပြင်းထန်မှုထက် နိုင်ငံရေးကို ဦးစားပေးခြင်းဖြစ်သည်ဟု အိုဘားမားခေတ်က အရာရှိများက ၄င်းအား ယင်းသို့ ဝေဖန်ပြောဆိုသည်။
အာဇာသည် ထရန့်အစိုးရတွင် မပါဝင်ခင်က အမေရိကန်ဆေးဝါးကုမ္ပဏီ Eli Lilly ၌ နှစ်ပေါင်းများစွာ တာဝန်ထမ်းဆောင်ခဲ့ဖူးကြောင်း၊ ၄င်းတာဝန်ထမ်းဆောင်သည့်အချိန်အတွင်း ဆေးဝါးဈေးနှုန်း များစွာမြင့်တက်လာကြောင်း သိရပါသည်။