辛甜

အာရှ အခြေခံအဆောက်အဦရင်းနှီးမြှုပ်နှံရေးဘဏ်သည် လူသားကံကြမ္မာ အသိုက်အဝန်း တွန်းအားပေးရေးဆိုင်ရာ ပလက်ဖောင်းသစ် ဖြစ်ရမည်ဟု ရှီကျင့်ဖိန် ဆို

(GMT+08:00)2020-07-29 09:32:13  

    အာရှ အခြေခံအဆောက်အဦရင်းနှီးမြှုပ်နှံရေးဘဏ်သည် လူသားကံကြမ္မာ အသိုက်အဝန်း တွန်းအားပေးရေးဆိုင်ရာ ပလက်ဖောင်းသစ် ဖြစ်ရမည်ဟု ရှီကျင့်ဖိန် ဆို_fororder_vip亚投行

  အာရှ အခြေခံ အဆောက်အဦ ရင်းနှီးမြှုပ်နှံရေးဘဏ် ပဉ္စမအကြိမ်မြောက် ကောင်စီ ဗီဒီယို နှစ်ပတ်လည် အစည်းအဝေးကို ယခုလ ၂၈ ရက်နေ့က ဖွင့်လှစ်ခဲ့ကြောင်း၊ ဖွင့်ပွဲ အခမ်းအနားတွင် တရုတ်နိုင်ငံတော် ဥက္ကဋ္ဌ ရှီကျင့်ဖိန်သည် မိန့်ခွန်း ပြောကြားခဲ့ကြောင်း  China Media Groupမှ သတင်းအရ သိရပါသည်။
ရှီကျင့်ဖိန်က၊ စီးပွါးရေး ဂလိုဘယ်လိုက်ဇေးရှင်း ဖြစ်စဉ်တွင် ပေါ်ထွက်သည့် ပြဿနာများကို ဖြေရှင်းနိုင်ရန်အတွက် နိုင်ငံအသီးသီးတို့သည် ပိုမိုသက်ညှာ ထောက်ထားသော နိုင်ငံတကာ စီမံခန့်ခွဲခြင်း၊ ပိုမို ထိရောက်သော နိုင်ငံစုံစနစ်နှင့် ပိုမို တက်ကြွသော ဒေသတွင်းပူးပေါင်းဆောင်ရွက်မှုများ ဖြစ်တည်လာအောင် ကြိုးပမ်း ဆောင်ရွက်ရမည် ဖြစ်ကြောင်း၊  အာရှ အခြေခံအဆောက်အဦရင်းနှီးမြှုပ်နှံရေးဘဏ်သည် အဖွဲ့ဝင်များ လက်တွဲကာ ဖွံ့ဖြိုးတိုးတက်ရေးနှင့် လူသားကံကြမ္မာ အသိုက်အဝန်း ဖွဲ့စည်းတည်ထောင်ရေးကို တွန်းအားပေးရေးဆိုင်ရာ ပလက်ဖောင်းသစ် ဖြစ်ရမည် ဖြစ်ကြောင်း ပြောကြားပါသည်။
ရှီကျင့်ဖိန်က၊ လူသားများသည် အေးအတူ ပူအမျှ ဖြစ်သည့် ကံကြမ္မာ အသိုက်အဝန်း ဖြစ်ပြီး အပြန်အလှန် ထောက်ခံ၍ သွေးစည်းညီညွတ်စွာ ပူးပေါင်းဆောင်ရွက်မှသာ အကျပ်အတည်းကို အောင်မြင်စွာ တိုက်ဖျက်နိုင်မည်ဟု ကိုဗစ်-၁၉ တိုက်ဖျက်ရေး ဖြစ်စဉ်များက ပြသနေကြောင်း၊ တရုတ်နိုင်ငံသည် အဖွဲ့ဝင်နိုင်ငံများနှင့် လက်တွဲပြီး  အာရှ အခြေခံ အဆောက်အဦ ရင်းနှီးမြှုပ်နှံရေးဘဏ်ကို ဆက်လက်ထောက်ခံ၍ နိုင်ငံတကာ မိသားစုကြီးက အန္တရာယ် စိန်ခေါ်မှုများ ရင်ဆိုင်ဖြေရှင်းရေးနှင့် အကျိုးတူ ဖွံ့ဖြိုးတိုးတက်မှု ဖေါ်ဆောင်ရေးအတွက် တစ်ဆင့်တိုး အကျိုးပြု စွမ်းဆောင်လိုပါကြောင်း ပြောကြားပါသည်။