邹立莹

အာဆီယံသည် တရုတ်နိုင်ငံ၏ ပထမအကြီးဆုံးကုန်သွယ်ရေးမိတ်ဖက်ဘာကြောင့်ဖြစ်လာသနည်း

(GMT+08:00)2020-07-17 15:35:58  

 ၂၀၁၉ခုနှစ်က အမေရိကန်ကိုအစားထိုးပြီး တရုတ်နိုင်ငံ၏ ဒုတိယအကြီးဆုံး ကုန်သွယ်ရေး မိတ်ဖက်ဖြစ်လာပြီးနောက် ကူးစက်ရောဂါ တစ်ကမ္ဘာလုံး၌ ပျံ့နှံ့နေသော အခြေအနေတွင် အာဆီယံသည် တရုတ်နှင့် ကုန်သွယ်ရေးမိတ်ဖက်ဆက်ဆံမှု တစ်ဆင့်တိုး မြှင့်တင်လာခဲ့သည်။ ၂၀၂၀ပြည့်နှစ် ပထမနှစ်ဝက်ပိုင်းက အာဆီယံသည် တရုတ်နိုင်ငံ၏ ပထမအကြီးဆုံးကုန်သွယ်ရေး မိတ်ဖက်ဖြစ်လာသည်။

တရုတ်အကောက်ခွန်ဌာနချုပ်မှ ယခုလ ၁၄ ရက်နေ့က ထုတ်ပြန်သောစာရင်းအရ ယခုနှစ် ပထမနှစ်ဝက်ပိုင်းတွင် တရုတ်နှင့်အာဆီယံ သွင်းကုန်ပို့ကုန် စုစုပေါင်းပမာဏမှာ ယွမ်ဘီလီယံ ၂၀၉၀ ရှိပြီး အာဆီယံနှင့် ကုန်သွယ်မှုပမာဏသည် တရုတ်နိုင်ငံခြားကုန်သွယ်မှု စုစုပေါင်းပမာဏ၏ ၁၄.၇ရာခိုင်နှုန်း ရှိသည်။

အာဆီယံသည် တရုတ်နိုင်ငံ၏ ပထမအကြီးဆုံးကုန်သွယ်ရေးမိတ်ဖက် ဘာကြောင့် ဖြစ်လာသနည်း။ အကောက်ခွန်ဌာနချုပ်မှ ပြောရေးဆိုခွင့်ရှိသူလီခွေဝင်က အာဆီယံဒေသက ကူးစက်ရောဂါ ကာကွယ်ထိန်းချုပ်ရေးအခြေအနေတစ်ခုလုံး အသင့်အတင့်ကောင်းမွန်သည့် အတွက်ကြောင့်ဖြစ်ကြောင်း၊ ဒါ့အပြင် လွန်ခဲ့သည့်နှစ်များအတွင်း တရုတ်နှင့် စီးပွားကုန်သွယ်ရေး ပူးပေါင်းဆောင်ရွက်မှု ဆက်တိုက်နက်ရှိုင်းလာပြီး နှစ်ဖက်ကုန်သွယ်မှု တည်ငြိမ်စွာ တိုးတက် လာနေကြောင်း ပြောကြားပါသည်။