马宁

၁၇ ကြိမ်မြောက် တရုတ်-အာဆီယံကုန်စည်ပြပွဲ ရွှေ့ဆိုင်းကျင်းပမည်

(GMT+08:00)2020-07-10 09:56:00  

  ၁၇ ကြိမ်မြောက် တရုတ်-အာဆီယံကုန်စည်ပြပွဲ အဆင့်မြင့် အရာရှိများ အစည်းအဝေး နှင့် ရင်းနှီးမြှုပ်နှံမှု ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ ဗီဒီယိုအစည်းအဝေးကို ယခုလ ၉ ရက်နေ့က နန်နင်းမြို့၌င်ကျင်းပခဲ့ရာ တက်ရောက်ကြသူများသည် လက်ရှိကိုဗစ်-၁၉  ရောဂါ ကာကွယ်ထိန်းချုပ်ရေး အခြေအနေမျိုးတွင် ၁၇ ကြိမ်မြောက် တရုတ်-အာဆီယံ ကုန်စည်ပြပွဲကို ရွှေ့ဆိုင်းကျင်းပရန် တညီတညွတ်တည်း သဘောတူကြကြောင်း၊ အသေးစိတ်အစီအစဉ်ကို သတ်မှတ်ပြီးလျှင် ထုတ်ပြန်မည်ဖြစ်ကြောင်း ဆင်ဟွာသတင်းအရသိရပါသည်။