邹立莹

ပွန်ပေအိုသည် ဥရောပသမဂ္ဂကို ရုပ်သေးအဖြစ် ကြိုးကိုင်လုပ်ဆောင်ဖို့ ကြံဆနေ

(GMT+08:00)2020-07-03 15:40:55  

အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး ပွန်ပေအိုဟာ အခုလောလောဆယ်မှာ တရုတ်-ဥရောပ ဆက်ဆံမှုကို ရည်ရွယ်ပြီး ဥရောပနဲ့ အမေရိကန်တို့ တရုတ်ပြည်အား ပူးတွဲ အပြိုင်အဆိုင်ပြုလုပ်ဖို့ ရန်ငြိုးထားဖို့ အကြိမ်ကြိမ် သွေးထိုးလှုံ့ဆော်ကာ ဥရောပသမဂ္ဂကို ရုပ်သေးအဖြစ် ကြိုးကိုင်လုပ်ဆောင်နိုင်ဖို့ ကြံဆနေတယ်။

မကြာခင်က တရုတ်နဲ့ ဥရောပခေါင်းဆောင်များက တွေ့ဆုံဆွေးနွေးပွဲ ပြုလုပ်ခဲ့ပါတယ်။ တွေ့ဆုံဆွေးနွေးပွဲမှာ တရုတ်နဲ့ ဥရောပ ခေါင်းဆောင်များက COVID-19ကူးစက်ရောဂါအပြီးတွင် နှစ်ဖက် ပူးပေါင်းဆောင်ရွက်မှု ဦးတည်ချက်ကို လက်တွဲ စီမံခန့်ခွဲကြတဲ့အပြင် COVID-19 ကာကွယ်ဆေး ဖေါ်ထုတ်ရေး၊ ကုန်ထုတ်လုပ်မှု ပြန်လည် လည်ပတ်စေရေး၊ နှစ်ဖက် ရင်းနှီးမြှုပ်နှံမှု သဘောတူစာချုပ် အမြန်ဆုံး ရရှိစေရေးနဲ့ ပတ်သက်ပြီး သဘောတူညီမှုများစွာ ရရှိပြီး ရှင်းလင်းပြတ်သားတဲ့ ပူးပေါင်းဆောင်ရွက်ရေး အချက်ပြလိုက်ပါတယ်။

ပွန်ပေအိုက တရုတ်-ဥရောပ ပူးပေါင်းဆောင်ရွက်မှုဟာ အမေရိကန်ရဲ့ အကျိုးစီးပွါးကို ထိခိုက်မှာ စိုးရိမ်လို့ တရုတ်-ဥရောပ ဆက်ဆံမှုကို အနှောင့်အယှက် ပြုတာ ကုန်းချောစကားများ ပြောတာပဲ ဖြစ်တယ်။

ဒါပေမယ့် ပွန်ပေအို အပါအဝင် အမေရိကန် နိုင်ငံရေးသမားတို့က ခြိမ်းခြောက်မှု ဘယ်လိုပဲ လုပ်လုပ် သွေးထိုးလှုံ့ဆော်မှု ဘယ်လိုပဲ လုပ်လုပ် ဥရောပသမဂ္ဂဟာ အမေရိကန် ကြိုးကိုင်မှု ခံမှာ မဟုတ်ဘူး ဆိုတာ သေချာပါတယ်။ တရုတ်နဲ့ ဥရောပတို့ဟာ တူညီတဲ့ အကျိုးစီးပွါးနဲ့ ပူးပေါင်းဆောင်ရွက်မှုတွေလုပ်ဖို့ များစွာလိုအပ်ပါတယ်။ ကူးစက်ရောဂါ တိုက်ဖျက်ရေးမှာ ဖြစ်ဖြစ် ကမ္ဘာ့စီးပွါးရေး နာလန်ပြန်ထူမှု တွန်းအားပေးရေးမှာ ဖြစ်ဖြစ် တရုတ်နိုင်ငံဟာ မရှိမဖြစ် လိုအပ်တဲ့ အရေးကြီး မိတ်ဖက် ဖြစ်တယ် ဆိုတာ ဥရောပဘက်က ရှင်းရှင်းလင်းလင်း နားလည်သိရှိပါတယ်။ တရုတ်-ဥရောပ ပူးပေါင်းဆောင်ရွက်မှုဟာ ဖွံ့ဖြိုးတိုးတက်ရေး ခေတ်ရေစီးကြောင်းနဲ့ ကိုက်ညီတယ်။ အဲဒါဟာ ပြီးခဲ့တဲ့နှစ်များအတွင်း ပွန်ပေအိုက တရုတ်-ဥရောပ ဆက်ဆံမှုကို အကြိမ်ကြိမ် ကုန်းချော လုပ်ဆောင်ခဲ့ပေမယ့် မအောင်နိုင်ခဲ့တဲ့ အရင်းခံ အကြောင်းရင်းပဲ ဖြစ်တယ်။

ဒေသစံတော်ချိန် ဒီလ ၁ ရက်နေ့ကစပြီး ဥရောပသမဂ္ဂဟာ နိုင်ငံအချို့အား နယ်စပ်ဂိတ်များကို ပြန်လည် ဖွင့်လှစ်ပေးတယ်၊ ဒါပေမယ့် ဖွင့်လှစ်ပေးတဲ့ အမည်စာရင်းထဲမှာ အမေရိကန်တော့ မပါဘူး၊ အကြောင်းကတော့ အမေရိကန်မှာ ကူးစက်ရောဂါ အခြေအနေ အလွန် ပြင်းထန်နေဆဲ ဖြစ်တယ်။ ဥရောပသမဂ္ဂဟာ လက်တွေ့ကျဆောင်ရွက်မှုနဲ့ အမေရိကန်ရဲ့ ကူးစက်ရောဂါ ထိန်းချုပ်ခြင်းအပေါ် “မယုံကြည်မှုမဲ” ပေးလိုက်တယ်။ အဲဒါဟာ စီးပွါးရေးကို ပြန်လည်ဖွင့်လှစ်ဖို့ ပြည်သူ့ဆန္ဒကို ပြန်လည် ကယ်တင်ဖို့ စိတ်လောနေတဲ့ အမေရိကန် နိုင်ငံရေးသမားများအဖို့ ထိခိုက်မှုကြီး တစ်ရပ် ဖြစ်တယ်လို့ ဆိုနိုင်ပါတယ်။ ဥရောပကို ဆွဲပြီး တရုတ်ပြည်ကို အတူတူ ရန်ငြိုးထားဖို့ ကြံဆတယ်၊ ဒါပေမယ့် ကူးစက်ရောဂါ ပြဿနာကြောင့် ဥရောပရဲ့ အငြင်းခံခဲ့ရတယ်။ အဲဒါကို ရင်ဆိုင်လျက် ပွန်ပေအိုက ဘာတွေများ ဝေဖန်ချင်သလဲ ဘာတွေများ ပြောချင်သလဲ ဆိုတာ လူအများက မှန်းဆ နေကြတယ်လို့ China Media Groupမှ သတင်းဆောင်းပါး တစ်ပုဒ်မှာ ရေးသားဖေါ်ပြ ထားပါတယ်။