邹立莹

ကိုဗစ်-၁၉ကူးစက်ရောဂါအခြေအနေဆိုင်ရာဆုံးဖြတ်ချက်ကို ကုလလုံခြုံရေးကောင်စီအတည်ပြု၊ ယင်းသည် နိုင်ငံစုံဝါဒ၏ အောင်မြင်မှုဖြစ်သည်ဟု တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနဆို

(GMT+08:00)2020-07-03 15:35:02  

တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနမှ ပြောရေးဆိုခွင့်ရှိသူ ကျောက်လိကျန်းက တရုတ်နိုင်ငံအနေနှင့် ကုလသမဂ္ဂလုံခြုံရေးကောင်စီမှ ကိုဗစ်-၁၉ ကူးစက်ရောဂါအခြေအနေဆိုင်ရာ ဆုံးဖြတ်ချက်ကို တညီတညွတ်တည်း အတည်ပြုခြင်းကို ကြိုဆိုကြောင်း၊ ယင်းဆုံးဖြတ်ချက်အတည်ပြုခြင်းသည် ကုလသမဂ္ဂနှင့် လုံခြုံရေးကောင်စီ၏ အရေးကြီးအောင်မြင်မှုတစ်ရပ်ဖြစ်သကဲ့သို့ နိုင်ငံစုံဝါဒ၏ အောင်မြင်မှုလည်းဖြစ်ကြောင်း ယခုလ ၂ ရက်နေ့က ပေကျင်းသတင်းစာရှင်းလင်းပွဲ၌ ပြောကြား ပါသည်။

ဇူလိုင်လ ၁ ရက်နေ့က ကုလသမဂ္ဂလုံခြုံရေးကောင်စီမှ ကိုဗစ်-၁၉ ကူးစက်ရောဂါအခြေအနေ ဆိုင်ရာဆုံးဖြတ်ချက်ကို အတည်ပြုပြီး အတွင်းရေးမှူးချုပ် ဂူတယ်ရက်စ် တင်ပြသော တစ်ကမ္ဘာလုံး အပစ်အခတ်ရပ်စဲရေး သဘောတူစာချုပ်ကို ထောက်ခံအားပေးကာ လူသားချင်းစာနာထောက်ထားရေး ထောက်ပံ့ကူညီမှုများကို အားသစ်လောင်းပေးရန် ပန်ကြားခဲ့သည်။