邹立莹

ရုရှားပြည်သူများ ကိုယ်တိုင် ရွေးချယ်သော ဖွံ့ဖြိုးရေး လမ်းကြောင်းကို တရုတ်နိုင်ငံက ယခင်ကလိုပင် လေးစားမည်ဟု တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနဆို

(GMT+08:00)2020-07-03 15:35:57  

ယခုလ ၂ ရက်နေ့က တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနမှ ပြောရေးဆိုခွင့်ရှိသူ ကျောက်လိကျန်းက ရုရှားဗဟိုရွေးကောက်ပွဲကော်မတီမှ ထုတ်ပြန်သည့် မဲရေတွက်မှု ရလဒ်သည် ရုရှားပြည်သူများ၏ ရွေးချယ်မှုကို ပြသထားကြောင်း၊ တရုတ်နိုင်ငံသည် ရုရှားပြည်သူများ ကိုယ်တိုင်ရွေးချယ်သော ဖွံ့ဖြိုးရေး လမ်းကြောင်းကို ယခင်ကလိုပင် လေးစားမည် ဖြစ်ကြောင်း ပြောကြားခဲ့သည်ဟု China Media Groupမှ သတင်းအရ သိရပါသည်။

ရုရှားတွင် နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးမူကြမ်းနှင့် ပတ်သက်၍ ကျင်းပသော ပြည်လုံးဆိုင်ရာ မဲပေးပွဲသည် ယခုလ ၁ရက်နေ့ညက ပြီးစီးပြီဖြစ်ကြောင်း၊ ရုရှား ဗဟိုရွေးကောက်ပွဲကော်မတီသည် မဲ အားလုံး ရေတွက်ပြီး ၇၇.၉၂ ရာခိုင်နှုန်းသော ရုရှားပြည်သူများသည် ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးမူကြမ်းကို ထောက်ခံကြောင်း သတင်းအရ သိရပါသည်။