邹立莹

နိုင်ငံများစွာ၏ COVID-19 ကူးစက်ရောဂါ စတင် ဖြစ်ပွါးချိန်သည် လက်ရှိအချိန်ထက် များစွာ ပိုစောလာ

(GMT+08:00)2020-06-29 15:52:31  

တရုတ်နိုင်ငံ ဟောင်ကောင် အထူးအုပ်ချုပ်ရေးဒေသ တာ့ကုန်းပေါ့ သတင်းစာမှ ယခုလ ၂၈ ရက်နေ့က သတင်းအရ၊ နိုင်ငံအသီးသီးတို့၏ COVID-19 ကူးစက်ရောဂါဆိုင်ရာ လေ့လာချက်အရ နိုင်ငံများစွာ၏ COVID-19 ကူးစက်ရောဂါ စတင် ဖြစ်ပွါးချိန်သည် လက်ရှိအချိန်ထက် များစွာ ပိုစောသည်ကို တွေ့ရှိပါသည်။

ဂျပန် ကြက်ခြေနီအသင်းသည် လွန်ခဲ့သည့်နှစ် နှစ်ဆန်းပိုင်းက သွေးနမူနာ ၅၀၀ ထဲတွင် နမူနာ နှစ်ခု၏ COVID-19 ဗိုင်းရပ်စ် Antibody မှာ Positive ဖြစ်သည်ကို တွေ့ရပြီး ၄င်းသည် ယင်းအချိန်တုန်းက ဗိုင်းရပ်စ် ကူးစက်ခံရမှုနှုန်းသည် ၀့ ၎ ရာခိုင်နှုန်း ဖြစ်ခြင်းကို ပြဆိုထားသည်။

ယခုလ ၂၆ ရက်နေ့က စပိန် ဗိုင်းရပ်စ် ပညာရှင်များသည် လွန်ခဲ့သည့်နှစ် မတ်လက ရေညစ်ရေဆိုး နမူနာတွင် COVID-19 ဗိုင်းရပ်စ်ကို တွေ့ရှိခဲ့သည်။ ယင်းသည် တရုတ်ပြည် ပထမဦးဆုံးသော COVID-19 ကူးစက်ခံရသူ တွေ့ရှိခဲ့သည့်အချိန်ထက် ကိုးလ ပိုစောပါသည်။

ယခုနှစ် မေလတွင် အမေရိကန်နိုင်ငံ နယူးဂျေစီ ပြည်နယ် ဘယ်လေဗီလ်မြို့ မြို့တော်ဝန် မယ်လ်ဟာမ်က၊ မိမိ၏ ဧပြီလတွင် COVID-19 ဗိုင်းရပ်စ် Antibody တိုင်းတာမှု ရလဒ်မှာ Positive ဖြစ်သည်ကို တွေ့ရသည်၊ မိမိသည် လွန်ခဲ့သည့်နှစ် နိုဝင်ဘာလက COVID-19 ကူးစက်ခံခဲ့ရခြင်း ဖြစ်သည်ဟု ပြောကြားပါသည်။

အီတလီ အဆင့်မြင့် ကျန်းမာရေး သုတေသနဌာနမှ ယခုလ ၁၈ ရက်နေ့က ထုတ်ပြန်သည့် အစီရင်ခံစာတွင်၊ လွန်ခဲ့သည့်နှစ် ဒီဇင်ဘာလ ၁၈ ရက်နေ့က ရေညစ်ရေဆိုး နမူနာတွင် COVID-19 ဗိုင်းရပ်စ်ကို တွေ့ရှိသည်ဟု ဖေါ်ပြခဲ့သည်။