张晓宁

ပါကစ္စတန်ကို ကူညီထောက်ပံ့သော တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော် ဆေးကု ပညာရှင်အဖွဲ့သည် ပါကစ္စတန်အတွက် ကိုဗစ်-၁၉ ကာကွယ်ကုသရေး အကြံပြုချက်စာအုပ် ရေးသား

(GMT+08:00)2020-06-24 16:19:56  

ပါကစ္စတန်ကို ကူညီထောက်ပံ့သော တရုတ်ပြည်သူ့ လွတ်မြောက်ရေး တပ်မတော် ဆေးကုပညာရှင်အဖွဲ့သည် ၂လကြာ လုပ်ငန်းတာဝန်များကို ဆောင်ရွက်ပြီး ယခုလ ၂၃ရက်နေ့က တရုတ်နိုင်ငံသို့ ပြန်လည် ထွက်ခွါလာတော့မည်။ ပြီးခဲ့သည့် ၂လအတွင်း ၄င်းဆေးကုပညာရှင်အဖွဲ့သည် ပါကစ္စတန်ရှိ အဓိက ဆေးရုံ ၁၁ရုံကို သွားရောက်ကြည့်ရှုပြီး ဟောပြောပွဲပေါင်း ၃၀ကျော်ကို ကျင်းပရာ တရုတ်၏ ကိုဗစ်၁၉ ကာကွယ်တိုက်ဖျက်ရေး အတွေ့အကြုံများကို ပါကစ္စတန်ဆေးကုဝန်ထမ်းများနှင့် အတူမျှဝေခဲ့ကြကြောင်း၊  ထို့အပြင် ဆေးကုပညာရှင်အဖွဲ့သည် ကိုဗစ်၁၉ ဆိုင်ရာ ပါကစ္စတန်မှ အာရုံစူးစိုက်သော ပြဿနာများနှင့်ပတ်သက်၍ ကိုဗစ်၁၉ ကာကွယ်ကုသရေး အကြံပြုချက် စာအုပ်ကို ရေးသားပေးခဲ့ကြောင်းလည်း China Media Groupမှ သတင်းအရ သိရပါသည်။