张晓宁

တရုတ်ပြည်၏ ကိုဗစ် ၁၉ ခုခံတိုက်ဖျက်ရေးသည် အချိန်နှင့် သမိုင်းမှ စိန်ခေါ်မှုများကို ခံနိုင်ရည်ရှိဟု တရုတ်ဆို

(GMT+08:00)2020-06-24 16:17:08  

တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနမှ ပြောရေးဆိုခွင့်ရှိသူ ကျောက်လိကျန်းက တရုတ်ပြည်၏ ကိုဗစ် ၁၉ ရောဂါ ခုခံတိုက်ဖျက်ရေးဆောင်ရွက်မှုသည် အချိန်နှင့် သမိုင်းမှ စိန်ခေါ်မှုများကို ခံနိုင်ရည်ရှိကြောင်း ယခုလ ၂၃ ရက်နေ့က ပီကင်းပုံမှန်သတင်းစာ ရှင်းလင်းပွဲ၌ ပြောကြားခဲ့သည်ဟု China Media Group မှ သတင်းအရ သိရသည်။

မကြာခင်က အမေရိကန်နိုင်ငံအောက်လွှတ်တော် နိုင်ငံခြားရေးကော်မရှင်မှ ထိပ်တန်း အဖွဲ့ဝင်၊ ရိပတ်ဗလစ်ကင်ပါတီ“တရုတ်ရေးရာဆောင်ရွက်မှုအဖွဲ့”ဥက္ကဋ္ဌ McCall က သက်ဆိုင်ရာ အစီရင်ခံစာတစ်ရပ်ကို ထုတ်ပြန်ပြီး ကိုဗစ် ၁၉ ရောဂါ အခြေအနေကို တရုတ်ကွန်မြူနစ်ပါတီမှ ဖုံးကွယ်ခြင်းနှင့် ယင်းအတွက် ကမ္ဘာ့ကျန်းမာရေးအဖွဲ့မှ ပါဝင်သည့် အခန်းကဏ္ဍ ဆိုသည်များကို ဖော်ပြကြောင်း China Media Groupက ဖော်ပြသည်။

ယင်းနှင့် စပ်လျဉ်း၍ ကျောက်လိကျန်းက ယင်းအစီရင်ခံစာဆိုသည်မှာ အဖြစ်အမှန်နှင့် မကိုက်ညီသောသတင်းအတုများဖြန့်ခြင်းဖြစ်ကြောင်း၊ ရည်ရွယ်ချက်မှာ တရုတ်ပြည်ကို ဂုဏ်သိက္ခာပျက်ပြားအောင် ကြံစည်ရန်နှင့် ကိုဗစ် ၁၉ ခုခံရာ၌ အမေရိကန်အစိုးရမှ ထိထိရောက်ရောက် ဆောင်ရွက်မှု မရှိသည့်အတွက်  အပြစ်လွှဲချရန်ဖြစ်ကြောင်း၊ ယင်းမှာ တရုတ်ပြည်ကို ဆန့်ကျင်သည့် အမေရိကန်အင်အားများ၏ ညံ့ဖျင်းသော ဟာသဇာတ်မြူး နောက်တစ်ခုဖြစ်ကြောင်း ပြောကြားခဲ့သည်ဟု သတင်းအရသိရသည်။