张晓宁

CGTNမှ မှတ်တမ်းတင်ကားတွင် ရှင်းကျန်း အကြမ်းဖက်သမားများ၏ ပြစ်မှုများကို ဖွင့်ချဖော်ထုတ်

(GMT+08:00)2020-06-20 15:45:01  

ယခုလ ၁၉ရက်နေ့က China Media Groupလက်အောက်ခံ CGTNသည် “မားမားမတ်မတ်ထျန်းရှန်းတောင်- တရုတ်ပြည်ရှင်းကျန်းတွင် အကြမ်းဖက်မှု တိုက်ဖျက်ရေး သတိရချက်” မှတ်တမ်းတင်ကားကို ထုတ်လွှင့်ခဲ့ကြောင်း၊ ယင်းသည် ယမန်နှစ် နှစ်ကုန်ပိုင်း မှစ၍ CGTNမှ ထုတ်လွှင့်သည့် ရှင်းကျန်း အကြမ်းဖက်မှု တိုက်ဖျက်ရေးနှင့် ပတ်သက်သော တတိယ မှတ်တမ်းတင်ကား ဖြစ်ကြောင်း၊ ယင်းမှတ်တမ်းတင်ကားတွင် အဖြစ်မှန်နှင့် အသေးစိတ်အချက်များစွာဖြင့် ရှင်းကျန်း၌ အကြမ်းဖက်သမားများ၏ ပြစ်မှုကျူးလွန်မှုများကို ဖွင့်ချဖော်ထုတ်ပြီး တရုတ် အစိုးရ အနေနှင့် တရားဥပဒေနှင့် အညီ ရှင်းကျန်း၌ အကြမ်းဖက်မှု တိုက်ဖျက်ရေးနှင့် အစွန်းရောက်ဝါဒ ပပျောက်စေရေး ပြုလုပ်သည့် လိုအပ်မှုနှင့် ရရှိခဲ့သည့် သိသာထင်ရှားသော အကျိုးသက်ရောက်မှုများကို ပြသကာ ရှင်းကျန်းနှင့် ပတ်သက်၍ အမေရိကန် နိုင်ငံရေး သမား အချို့၏ သတင်းအတု လုပ်ခြင်းများကို ဖွင့်ချလိုက်ကြောင်း China Media Groupက ဖော်ပြသည်။

၁၉၉၀ပြည့်နှစ်မှ ၂၀၁၆ခုနှစ်နှစ်ကုန် အထိ ရှင်းကျန်းတွင် အကြမ်းဖက်မှု ထောင်ပေါင်း များစွာ ဖြစ်ပွားပြီး အရပ်သူ အရပ်သားများစွာ၏ သေကြေအနာတရ ဖြစ်မှုနှင့် အလွန်ကြီး မားသည့် လူမှုရေး ဆိုင်ရာ ဆုံးရှုံးနစ်နာမှုများ ဖြစ်စေခဲ့ကြောင်း သက်ဆိုင်ရာ စာရင်းအရ သိရသည်။ သို့သော် အမေရိကန်သည် ရှင်းကျန်းနှင့် ပတ်သက်သော ဥပဒေ အဆိုပြုချက် မူကြမ်းကို ပြောင်ပြောင်တင်းတင်း  အတည်ပြုပြီး တရုတ်ပြည် ရှင်းကျန်း၏ လူ့အခွင့်အရေး အခြေအနေကို သားပုပ်လေလွင့်ပုတ်ခတ်စွပ်စွဲကာ တရုတ်ပြည်၏ ရှင်းကျန်းဆိုင်ရာ မူဝါဒကိုလည်း ပုတ်ခတ်ရှုတ်ချကြောင်း သိရသည်

နိုင်ငံတကာ အကဲခတ်များ ပြောကြားသည့် အတိုင်း ရှင်းကျန်းနှင့် ပတ်သက်သော ပြဿနာသည် တိုင်းရင်းသားလူမျိုးစု၊ ဘာသာရေးနှင့် လူ့အခွင့်အရေး ဆိုင်ရာ ပြဿနာ အစကထည်းက မဟုတ်ဘဲ အကြမ်းဖက်မှု တိုက်ဖျက်ရေးနှင့် ခွဲထွက်မှု တိုက်ဖျက်ရေး ပြဿနာ ဖြစ်ကြောင်း၊ တရုတ် အစိုးရ အနေနှင့် တရား ဥပဒေနှင့် အညီ ဆောင်ရွက်မှုများကို ရည်ရွယ်ချက်ရှိရှိ ပြုလုပ်ခဲ့ကြောင်း၊ ယင်းဆောင်ရွက်ချက်များ သည် လူမှုရေးတည်ငြိမ်မှုနှင့်အေး အေးချမ်းချမ်းနေထိုင်၊ ပျော်ပျော်ရွှင်ရွှင် လုပ်ကိုင်မှုရှိရန် ရှင်းကျန်း တိုင်းရင်းသား လူမျိုးစုများမှ ပြည်သူများ၏ အရေးတကြီး လိုအပ်ချက်နှင့် ကိုက်ညီပြီး နိုင်ငံတကာ မိသားစုကြီး၏ အကြမ်းဖက်မှု တိုက်ဖျက်ရေးနှင့် အစွန်းရောက်ဝါဒ ပပျောက်စေရေး ဆိုင်ရာ အခြေခံ အနှစ်သာရနှင့် အခြေခံမူများနှင့်လည်း ကိုက်ညီကြောင်း၊ လွန်ခဲ့သည့် ၃နှစ်ကျော် အတွင်း ရှင်းကျန်းတွင် အကြမ်းဖက်မှု တစ်ခုမှ မဖြစ်ပွားခဲ့ကြောင်း၊ ၂၀၁၉ခုနှစ်က ရှင်းကျန်း၏ GDPသည် ၂၀၁၈ခုနှစ်ကထက် ၆့၂ရာခိုင်နှုန်း တိုးလာပြီး တစ်ပြည်လုံး ပျမ်းမျှတိုးနှုန်းထက် ပိုမြင့်ကြောင်း၊ ယခုနှစ်တွင် ရှင်းကျန်းသည် တရုတ်ပြည် အခြားဒေသများနှင့် အတူ ဆင်းရဲမှု ပပျောက်စေရေး ရည်မှန်းချက်ကို အကောင်အထည်ဖော်ဆောင်သွားမည် ဖြစ်ကြောင်း China Media Groupက ဖော်ပြသည်။

ရှင်းကျန်း၏ အကြမ်းဖက်မှု တိုက်ဖျက်ရေးနှင့် အစွန်းရောက်ဝါဒ ပပျောက်စေရေး ကြိုးပမ်းမှုများတွင် ရရှိခဲ့သည့် သိသာထင်ရှားသော အကျိုးသက်ရောက်မှုနှင့် ရှင်းကျန်း၏ စည်ပင်သာယာမှုနှင့် တည်ငြိမ်မှုရှိသော ဖွံ့ဖြိုးတိုးတက်မှု အခြေအနေကို ချေဖျက်၍ မရကြောင်း၊ အမေရိကန် နိုင်ငံရေး သမား အချို့သည် တစ်ယူသန်အမြင်နှင့် စံချိန်၂မျိုးကျင့်သုံးခြင်းကို အမြန်ဆုံး စွန့်လွှတ်ပြီး ရှင်းကျန်းရေးရာများတွင် ဝင်ရောက်စွက်ဖက်မှု အမြန်ဆုံး ရပ်စဲသင့်ကြောင်း၊ သို့မဟုတ်လျှင် ကိုယ့်ရှူးကိုယ်ပတ်ဖြစ်မည်  ဖြစ်ကြောင်း China Media Groupက ဖော်ပြသည်