张晓宁

မာလီဆိုင်ရာ တရုတ်သံအမတ်ကြီးသည် တရုတ်-အာဖရိက COVID-19ရောဂါ ပူးပေါင်းတိုက်ဖျက်ရေး အထူးထိပ်သီးအစည်းအဝေးကို ချီးကျူး

(GMT+08:00)2020-06-20 15:44:11  

ယခုလ၁၇ရက်နေ့ညက တရုတ်နိုင်ငံတော်ဥက္ကဋ္ဌရှီကျင့်ဖိန်သည် ပီကင်းတွင် တရုတ်-အာဖရိက COVID-19ရောဂါ ပူးပေါင်းတိုက်ဖျက်ရေး အထူးထိပ်သီးအစည်းအဝေး ကို ကြီးမှူးကျင်းပပြီး “COVID-19ရောဂါပူးပေါင်းတိုက်ဖျက်၊ အခက်အခဲများကို အတူကျော်လွှား”ဟူသော ခေါင်းစဉ်ဖြင့် မိန့်ခွန်းပြောကြားခဲ့သည်။ အစည်းအဝေးအပြီး မာလီနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီးကျူးလိယင်းက သတင်းထောက်နှင့် တွေ့ဆုံခဲ့ရာ ဥက္ကဋ္ဌရှီကျင့်ဖိန်၏ မိန့်ခွန်းသည် တရုတ်-အာဖရိက COVID-19ရောဂါပူးပေါင်း တိုက်ဖျက်ရေး၏ အခြေခံ အနှစ်သာရကို သတ်မှတ်ရုံသာမက အခြားနိုင်ငံကြီးများ အာဖရိကကို ကူညီထောက်ပံ့ရန် အတွက် စံပြ အဖြစ်ရှိနေပြီး နိုင်ငံကြီးများအကြားရော၊ တိုက်ကြီးများအကြားပါ ပူးပေါင်းဆောင်ရွက်မှုပြုလုပ်ရန်အတွက်လည်း စံပြအဖြစ် ရှိနေကြောင်း၊ ၄င်းရှုထောင့်မှကြည့်လျှင် ယင်းထိပ်သီးအစည်းအဝေး၏အနက်အဓိပ္ပါယ်၊ အထူးသဖြင့် ဘက်ပေါင်းစုံမူဝါဒ၊ စည်းလုံးညီညွတ်မှုနှင့် ပူးပေါင်းဆောင်ရွက်မှု အနက်အဓိပ္ပါယ်သည် တရုတ်နှင့် အာဖရိကကို ကျော်လွန်နေခြင်း ဖြစ်ကြောင်း ပြောကြားခဲ့သည်ဟု China Media Groupမှ သတင်းအရ သိရပါသည်။