张晓宁

တရုတ်ဆေးကုပညာရှင်အဖွဲ့ကို ပါလက်စတိုင်းသို့စေလွှတ်ခြင်းသည် နှစ်ဘက်အကြား ဆေးဝါးကုသရေးနယ်ပယ်တွင် ပူးပေါင်းဆောင်ရွက်မှု နက်ရှိုင်းစေရန်အတွက် အစပျိုးခြင်းသစ် ဖြစ်သည်ဟု တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနဆို

(GMT+08:00)2020-06-20 15:48:07  

   ပါလက်စတိုင်းနိုင်ငံ၏ COVID-19ရောဂါတိုက်ဖျက်ရေးလုပ်ငန်းကို ပိုမိုကောင်းမွန် စွာပြုလုပ်နိုင်ရန်အတွက် တရုတ်အစိုးရသည် ဇွန်လ ၁၀ ရက်နေ့မှ ၁၈ ရက်နေ့အထိ ဆေးဝါးကုသရေးပညာရှင်အဖွဲ့ကို ပါလက်စတိုင်းသို့ စေလွှတ်ခဲ့ပါသည်။ တရုတ် နိုင်ငံခြားရေးဝန်ကြီးဌာနမှ ပြောရေးဆိုခွင့်ရှိသူ ကျောက်လိကျန်းက ယမန်နေ့ ၁၉ ရက်နေ့ က ကျင်းပခဲ့သော ပုံမှန်သတင်းစာရှင်းလင်းပွဲ၌ ယင်းသည် တရုတ်နှင့် ပါလက်စတိုင်း နှစ်နိုင်ငံ ပြည်သူတို့အကြား ချစ်ခင်ရင်းနှီး ကြီးမားလေးနက်လှသော ချစ်ကြည်မှုရှိခြင်းကို ပြသနေသည့်အပြင် နှစ်နိုင်ငံတို့အကြား ဆေးဝါးကုသရေးနှင့် ကျန်းမာရေး နယ်ပယ်တွင် ပူးပေါင်းဆောင်ရွက်မှု နက်ရှိုင်းစေရန်အတွက် အစပျိုးခြင်းသစ်လည်းဖြစ်ကြောင်း ပြောကြားခဲ့သည်ဟု China Media Groupမှ သတင်းအရ သိရပါသည်။