张晓宁

တရုတ်-အာဖရိက COVID-19ပူးပေါင်းတိုက်ဖျက်ရေးဆိုင်ရာ ထိပ်သီး ခေါင်းဆောင်များ အထူး အစည်းအဝေးတွင် ဥက္ကဋ္ဌ ရှီကျင့်ဖိန်၏ မိန့်ခွန်းကို အာဖရိက နိုင်ငံများမှ ပုဂ္ဂိုလ်များ လွန်စွာ ချီးကျူး

(GMT+08:00)2020-06-20 15:42:51  

    အာဖရိက နိုင်ငံများမှ ပုဂ္ဂိုလ်များသည် တရုတ်-အာဖရိက COVID-19 ပူးပေါင်းတိုက်ဖျက်ရေးဆိုင်ရာ ထိပ်သီး ခေါင်းဆောင်များ အထူး အစည်းအဝေးတွင် ဥက္ကဋ္ဌ ရှီကျင့်ဖိန်၏ မိန့်ခွန်းကို လွန်စွာ ချီးကျူးကြကြောင်း၊ ၄င်းတို့က ကမ္ဘာတစ်ဝန်း COVID-19ခုခံ ကာကွယ်ရေး အတွက် သော့ချက်ကျသည့် အခါသမယတွင် တရုတ်-အာဖရိက COVID-19ပူးပေါင်းတိုက်ဖျက်ရေးဆိုင်ရာ ထိပ်သီး ခေါင်းဆောင်များ အထူး အစည်းအဝေး  အောင်မြင်စွာ ကျင်းပခဲ့ခြင်းသည် နှစ်ဖက်တို့၏ COVID-19လက်တွဲခုခံကာကွယ်ရေး ဆိုင်ရာ ပြတ်သားစွဲမြဲသည့် စိတ်ပိုင်းဖြတ်မှုကို ပြသနေပြီး နိုင်ငံတကာ မိသားစုကြီး ပူးပေါင်းဆောင်ရွက်မှု အားဖြည့်ပြုလုပ်ကာ ၄င်းရောဂါကို အနိုင်တိုက်ခိုက်ရန် အတွက် အားကောင်းသည့် တွန်းအားပေးမှုကို ဖော်ဆောင်နေကြောင်း ဖော်ပြသည်ဟု China Media Groupမှ သတင်းအရ သိရသည်။