辛甜

တရုတ်-အမေရိကန် အဆင့်မြင့်အစိုးရအရာရှိများ တွေ့ဆုံရာတွင် COVID-19ရောဂါနှင့် ပတ်သက်သည့်ကိစ္စရပ်များကို ဆွေးနွေးခဲ့သည်ဟု တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနမှ ပြောရေးဆိုခွင့်ရှိသူ ဆို

(GMT+08:00)2020-06-19 15:09:17  

ယခုလ ၁၈ ရက်နေ့က ကျင်းပသော ပုံမှန်သတင်းစာရှင်းလင်းပွဲတွင် တရုတ် နိုင်ငံခြားရေးဝန်ကြီးဌာနမှ ပြောရေးဆိုခွင့်ရှိသူ ကျောက်လိကျန်းက တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ နိုင်ငံရေးဦးဆောင်အဖွဲ့ အဖွဲ့ဝင်၊ ဗဟိုနိုင်ငံခြားရေးရာ ကော်မတီရုံး ဥက္ကဋ္ဌ ယန်ကျယ်ချီသည် အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ပွန်ပေအိုနှင့် တွေ့ဆုံခဲ့ရာတွင် COVID-19 ရောဂါနှင့် ပတ်သက်သည့်ကိစ္စရပ်များကို ဆွေးနွေးခဲ့ကြကြောင်း၊ တရုတ်- အမေရိကန် COVID-19 တိုက်ဖျက်ရေး ပူးပေါင်းဆောင်ရွက်မှုကို တွန်းအားပေးသင့်သည်ဟု တရုတ်ပြည်ဘက်က အလေးထား ဖော်ပြခဲ့ကြောင်း ပြောကြားခဲ့သည်ဟု China Media Groupမှ သတင်းအရ သိရပါသည်။