辛甜

တရုတ်-အာဖရိက သွေးစည်းညီညွတ်ပြီး COVID-19 တိုက်ဖျက်ရေး အထူး ထိပ်သီး အစည်းအဝေးနှင့် ပတ်သက်၍ တရုတ်နိုင်ငံခြားရေးဝန်ကြီးလက်ထောက် ချန်ရှောင်တွန်း ပြောကြား

(GMT+08:00)2020-06-18 16:01:39  

ယခုလ ၁၇ရက်နေ့ညက တရုတ်နိုင်ငံဥက္ကဋ္ဌ ရှီကျင့်ဖိန်သည် တရုတ်-အာဖရိက သွေးစည်းညီညွတ်ပြီး COVID-19 တိုက်ဖျက်ရေး အထူးထိပ်သီးအစည်းအဝေးကို ကြီးမှူးကျင်းပ ခဲ့ရာ “သွေးစည်းညီညွတ်ပြီး ကူးစက်ရောဂါကို တိုက်ဖျက်၍ အခက်အခဲများကို လက်တွဲ ကျော်လွှားခြင်း” ခေါင်းစဉ်ဖြင့် မိန့်ခွန်း ပြောကြားခဲ့ပါသည်။ ထိပ်သီးအစည်းအဝေး ကျင်းပပြီးနောက် တရုတ် နိုင်ငံခြားရေး ဝန်ကြီးလက်ထောက် ချန်ရှောင်တွန်းသည် သတင်းထောက်နှင့်တွေ့ဆုံရာတွင် အာဖရိက၏ COVID-19 တိုက်ဖျက်ရေးကို ထောက်ခံအားပေးခြင်း၊ တရုတ်-အာဖရိကနှင့် နိုင်ငံတကာ ကူးစက်ရောဂါ တိုက်ဖျက်ရေး ပူးပေါင်းဆောင်ရွက်မှုနှင့် ပတ်သက်ပြီး အစည်းအဝေး   တက်ရောက်သည့် ဘက်အသီးသီးတို့သည် အမြင်ချင်းဖလှယ်၍ သဘောတူညီမှုများ ရရှိခဲ့ကြောင်း၊ အစည်းအဝေးတွင် ပူးတွဲကြေညာချက်ကို ထုတ်ပြန်ခဲ့ကြောင်း ပြောကြားခဲ့သည်ဟု China Media Groupမှ သတင်းအရသိရပါသည်။