邹立莹

လာမည့်သုံးရက်အတွင်း ပီကင်းမြို့ အသစ်တိုးလာသော COVID-19 ကူးစက်ခံရသူ ဦးရေသည် ရောဂါအခြေအနေ၏ အနာဂတ်ရေးကို အတည်ပြုနိုင်မည်ဟု ဦးကျွင်းယို ဆို

(GMT+08:00)2020-06-17 15:26:27  

图片默认标题_fororder_1

图片默认标题_fororder_2

图片默认标题_fororder_3

ယခုလ ၁၅ ရက်နေ့ညက စီစီတီဗီ၏ အင်တာဗျူး အစီအစဉ် တစ်ခုတွင် တရုတ် ကူးစက်ရောဂါ ထိန်းချုပ်ကာကွယ်ရေးစင်တာမှ ကူးစက်ရောဂါပညာ ထိပ်တန်းပညာရှင် ဦးကျွင်းယိုက၊ ယခုအကြိမ် ပီကင်း၌ ဖြစ်ပွါးသည့် COVID-19 ပျံ့နှံ့ခြင်း၏ အရင်းအမြစ်မှာ ကူးစက်ခံရသည့် ကုန်ပစ္စည်းများမှတစ်ဆင့် ပီကင်းသို့ ဝင်လာခြင်းနှင့် ကူးစက်ခံရသူများမှတစ်ဆင့် ပျံ့နှံ့လာခြင်း အပါအဝင် နှစ်မျိုး ဖြစ်နိုင်ခြေရှိကြောင်း ပြောကြားပါသည်။

ဦးကျွင်းယိုက၊ ပီကင်းမြို့တွင် နှစ်လနီးပါးအတွင်း ရောဂါ ကူးစက်ခံရသူ မရှိသည့် အခြေအနေတွင် ရုတ်တရက် ကူးစက်ပျံ့နှံ့မှု ဖြစ်ပွါးခြင်းမှာ ပြည်ပနိုင်ငံနှင့် ပီကင်းအပြင်မှ ဒေသများမှ ဗိုင်းရပ်စ်များ ပီကင်းသို့ ဝင်ရောက်လာခြေ အလွန်များပါကြောင်း၊ တရုတ်ပြည်၌ ကူးစက်နေသည့် Virus strain နှင့် ကမ္ဘာ့ဒေသအရပ်ရပ်၌ ကူးစက်နေသည့် Virus strain ကိုနှိုင်းယှဉ်ခြင်းအားဖြင့် ဥရောပ၌ ကူးစက်နေသည့် အဓိက Virus strain မှ မြစ်ဖျား ခံနိုင်ခြေ အရှိဆုံး ဖြစ်သည်ကို တွေ့ရှိပါကြောင်း၊ သို့သော် ယင်းသည် ပီကင်း၌ တွေ့ရှိသော Virus strain သည် ဥရောပမှ လာသည်ဟု မုချဧကန် ပြောလို့ မရသေးကြောင်း၊ အမေရိကန်တွင် ကူးစက်နေသည်မှာလည်း အဓိကအားဖြင့် ဥရောပ Virus strain ပင် ဖြစ်ကြောင်း၊ ထို့ကြောင့် မည်သည့်နိုင်ငံမှ လာသည်ကို သေချာ ပြောလို့ မရသေးကြောင်း ပြောကြားပါသည်။

ဆက်လက်ပြီး ဦးကျွင်းယိုက၊ လာမည့်သုံးရက်အတွင်း ပီကင်းမြို့ COVID-19 ကူးစက်ခံရသူဦးရေသည် ရောဂါအခြေအနေ၏ အနာဂတ်ရေးကို အတည်ပြုနိုင်မည် ဖြစ်ကြောင်း၊ ၁၁ ရက်နေ့က ပီကင်း၌ ရောဂါ ကူးစက်မှု အခြေအနေ ပေါ်ထွက်ခဲ့ပြီးနောက် သက်ဆိုင်ရာတို့သည် ၁၂ ရက်နေ့နှင့် ၁၃ ရက်နေ့တွင် တုံ့ပြန်ဆောင်ရွက်မှုများကို အချိန်မီ ပြုလုပ်ခဲ့ပြီ ဖြစ်ကြောင်း၊ ဗိုင်းရပ်စ် ကူးစက်ခံရပါက ၁၆ ရက်နေ့နှင့် ၁၇ ရက်နေ့တွင် ရောဂါ လက္ခဏာများ ပေါ်ထွက်မည် ဖြစ်ကြောင်း၊ ၁၆ ရက်နေ့နှင့် ၁၇ ရက်နေ့တွင် အသစ် ကူးစက်ခံရသူဦးရေ အမြောက်အမြား တိုးလာခြင်းမရှိပါက ယခုအကြိမ် ကူးစက်မှု အခြေအနေသည် အခြေခံအားဖြင့် ခုလို အတိုင်းအတာအတွင်း တည်ငြိမ်သွားမည် ဖြစ်ကြောင်း သုံးသပ်ထားပါသည်။