张晓宁

တရုတ်ပြည်သည် စက္ကူဖြူစာတမ်းထုတ်ပြန်ပြီး၊ ကိုဗစ် ၁၉ ရောဂါ ခုခံတိုက်ဖျက်ရေး အတွေ့အကြုံ များကို ကမ္ဘာနှင့် မျှဝေခံစား

(GMT+08:00)2020-06-11 16:11:21  

ယခုလ ၁၀ ရက်နေ့ထုတ် ရုရှားသတင်းစာမှ တရုတ်-ရုရှား ဝေဖန်ရေး            ဆောင်းပါးကော်လံ၌ (တရုတ်ပြည်သည် စက္ကူဖြူ စာတမ်းထုတ်ပြန်ပြီး၊ ကိုဗစ် ၁၉ ရောဂါ ခုခံတိုက်ဖျက်ရေး အတွေ့အကြုံများကို ကမ္ဘာနှင့် မျှဝေခံစား)ဟူ၍  ခေါင်းစဉ်ဖြင့်   ဝေဖန်ရေးဆောင်းပါးတစ်ပုဒ်ကို ရေးသားဖော်ပြခဲ့သည်။

၎င်းဆောင်းပါးတွင် မကြာခင်က တရုတ်ပြည်မှ ထုတ်ပြန်ခဲ့သည့် (ကိုဗစ် ၁၉ ရောဂါ ခုခံတိုက်ဖျက်ရေးဆိုင်ရာ တရုတ်လုပ်ဆောင်ချက်)ဟူသော စက္ကူဖြူစာတမ်းနှင့် ပတ်သက်၍ ဘက်စုံမိတ်ဆက်ပေးပြီး၊ သေချာစုံလင်သော ကိန်းဂဏန်းအချက်အလက်များ ဖြင့် တရုတ်ပြည်၏ ကိုဗစ် ၁၉ အနိုင်ခုခံတိုက်ဖျက်နိုင်ခဲ့သည့် အောင်မြင်မှုအတွေ့အကြုံ များကို ဖော်ပြကာ၊ တရုတ်ပြည်မှ ခံယူထားသည့် အသက်ကို ထိပ်ဆုံးနေရာတွင် ထားရှိရေး ခံယူချက်အား အလေးထားဖော်ပြခဲ့သည့်အပြင်၊ သွေးစည်းညီညွတ်မှုသည် ကိုဗစ်၁၉ကို အနိုင်တိုက်ဖျက်နိုင်သော အားအကောင်းဆုံးသည့် လက်နက်ပင်ဖြစ်ကြောင်း ရေးသား ဖော်ပြခဲ့သည်ဟု သတင်းအရသိရသည်။

图片默认标题_fororder_白皮书