宋冉

တရုတ်NPCမှ အတည်ပြုပြဋ္ဌာန်းခဲ့သော ဟောင်ကောင်ဆိုင်ရာ နိုင်ငံတော်လုံခြုံမှု ဥပဒေပြုရေး ဆုံးဖြတ်ချက်ကို နိုင်ငံများစွာမှ ပညာရှင်များ ထောက်ခံအားပေး

(GMT+08:00)2020-06-03 17:46:54  

တရုတ်ပြည်လုံးဆိုင်ရာ ပြည်သူ့ကွန်ဂရက်NPCအစည်းအဝေးတွင် အတည်ပြု ပြဋ္ဌာန်း ခဲ့သော ဟောင်ကောင်ဆိုင်ရာ နိုင်ငံတော်လုံခြုံမှု ဥပဒေပြုရေး ဆုံးဖြတ်ချက်နှင့် ပတ်သက်၍ လွန်ခဲ့သည်ရက်များတွင် နိုင်ငံအသီးသီးမှ အစိုးရအရာရှိများနှင့် ပညာရှင်များက ထောက်ခံအားပေးကြောင်း ဖော်ပြကြသည်ဟု China Media Groupမှ သတင်းအရ သိရပါသည်။

ဟောင်ကောင်ရေးရာသည် တရုတ်ပြည်တွင်းရေးပင်ဖြစ်ကြောင်း၊ ယင်းဥပဒေ ပြုရေး ဆုံးဖြတ်ချက်သည် ဟောင်ကောင်ဒေသတွင် ဖြစ်ပွားသည့် နိုင်ငံတော် လုံခြုံမှု ထိခိုက်သော လုပ်ရပ်များကို ဥပဒေအရ ကြိုတင်ကာကွယ်ရေးနှင့် အရေးယူရေး အတွက် အကျိုးရှိမည့်အပြင် တရုတ်နိုင်ငံတော်၏ အချုပ်အခြာ အာဏာပိုင်မှုကို ကာကွယ်စောင့်ရှောက်ရန်၊ ဖွံ့ဖြိုးရေးအကျိုးစီးပွားကို ထိန်းသိမ်းရန် အတွက်လည်း အရေးကြီးသည့် ဆောင်ရွက်ချက် တစ်ရပ် ဖြစ်ကြောင်း၊ ယင်းဥပဒေသည် ဟောင်ကောင်သူ ဟောင်ကောင်သားများ၏ လုံခြုံမှုကို အာမခံပေးမည် ဖြစ်ပြီး အခြေခံဥပဒေပါ သတ်မှတ်ချက်များနှင့် ကိုက်ညီကြောင်း ၄င်းတို့က အသီးသီး ဖော်ပြကြပါသည်။