宋冉

တရုတ်NPC၏ ဟောင်ကောင်ဆိုင်ရာ နိုင်ငံတော်လုံခြုံမှုဥပဒေပြုရေး ဆုံးဖြတ်ချက်ကို ဟောင်ကောင် လူ ၃သန်းခန့် လက်မှတ်ရေးထိုး ထောက်ခံအားပေး

(GMT+08:00)2020-06-03 15:37:34  

လွန်ခဲ့သည့်ရက်များတွင် ဟောင်ကောင် အလွှာပေါင်းစုံတို့သည် တရုတ်ပြည်လုံးဆိုင်ရာ ပြည်သူ့ကွန်ဂရက် NPC အစည်းအဝေးတွင် အတည်ပြုပြဋ္ဌာန်းခဲ့သော ဟောင်ကောင်ဆိုင်ရာ နိုင်ငံတော်လုံခြုံမှု ဥပဒေပြုရေး ဆုံးဖြတ်ချက်ကို ထောက်ခံ အားပေးကြောင်း အသီးသီး ဖော်ပြကြသည်။ လွန်ခဲ့သည့် ၈ ရက်အတွင်း အင်တာနက်နှင့် လမ်းဘေးဂိတ်များမှတစ်ဆင့် လူ၂သန်း ၉ သိန်း ၂သောင်းကျော် လက်မှတ်ရေးထိုး ထောက်ခံအားပေးခဲ့ကြပါသည်။

ဇွန်လ ၁ ရက်နေ့ ညနေပိုင်းက လှုပ်ရှားမှု စည်းရုံးသူများသည် ဟောင်ကောင်ရှိ တရုတ်ဗဟိုအစိုးရဆက်သွယ်ရေးဌာနသို့ လက်မှတ်ရေးထိုးပွဲ ရလဒ်ကို တင်ပြပြီး ယင်းဌာနမှတစ်ဆင့် တရုတ်ဗဟိုအစိုးရအား ဟောင်ကောင်သူ ဟောင်ကောင်သားများက ဟောင်ကောင်ဒေသ၏ စည်ပင်သာယာမှုကို ထိန်းသိမ်း ကာကွယ်ရန်၊ တရုတ်နိုင်ငံတော်လုံခြုံမှု ဥပဒေပြုရေးကို ထိန်းသိမ်းကာကွယ်ရန် ဆန္ဒကို ပြသခဲ့သည်။