宋冉

ကျွမ်းကျင်ပညာရှင်များသည် ကူးစက်ရောဂါ ထိန်းချုပ်ကာကွယ်ရေးအတွက် အရေးကြီး အကျိုးပြု စွမ်းဆောင်ပေးခဲ့သည်ဟု ရှီကျင့်ဖိန် ဆို

(GMT+08:00)2020-06-03 15:38:51  

တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ အထွေထွေ အတွင်းရေးမှူး၊ နိုင်ငံတော် ဥက္ကဋ္ဌ၊ ဗဟိုစစ်ရေးကော်မရှင် ဥက္ကဋ္ဌ ရှီကျင့်ဖိန်သည် ယခုလ ၂ ရက်နေ့ ညနေပိုင်းက ပညာရှင်များ ဆွေးနွေးပွဲကို ကြီးမှူးကျင်းပပြီး အရေးကြီးမိန့်ခွန်း ပြောကြားပါသည်။

ရှီကျင့်ဖိန်က၊ ကူးစက်ရောဂါ တိုက်ဖျက်ရာတွင် ကျွမ်းကျင်ပညာရှင်များသည် နိုင်ငံရေး ဆိုင်ရာ တာဝန်ဝတ္တရားကို ကျေပွန်စွာ ထမ်းဆောင်ပြီး၊ ပညာရပ်ဆိုင်ရာ အားသာချက်များကို အသုံးချ၍၊ ကူးစက်ရောဂါ အခြေအနေ သုံးသပ်ရေး၊ ရောဂါ ထိန်းချုပ်ကာကွယ်ရေး ဗျူဟာများ ချမှတ်ရေး၊ ရောဂါ ကုသမှု လမ်းညွှန်ရေး၊ သိပံ္ပပညာ သုတေသနပြု လေ့လာရေး၊ စည်းမျဉ်းဥပဒေများ ရေးဆွဲ ပြင်ဆင်ရေး၊ နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ရေး စသည့်နယ်ပယ်များတွင် အကြံဥာဏ်ကောင်းများ ပေးကာ ကူးစက်ရောဂါ တိုက်ဖျက်ရေးအတွက် အရေးကြီး အကျိုးပြု စွမ်းဆောင်ခဲ့ကြောင်း၊ မိမိသည် ပါတီဗဟိုကော်မတီကိုယ်စား ကျေးဇူးတင်ရှိပါကြောင်း ပြောကြားပါသည်။