宋冉

ဝူဟန့်မြို့ nucleic acid စုပေါင်းတိုင်းတာစစ်ဆေးမှုရလဒ် ထွက်ပေါ်

(GMT+08:00)2020-06-03 15:43:12  

图片默认标题_fororder_1477913637

ဇွန်လ ၂ ရက်နေ့ ညနေပိုင်းက ဟူပေပြည်နယ် အစိုးရ သတင်းပြန်ကြားရေးရုံးသည် ၁၀၄ ကြိမ်မြောက် COVID-19 ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းဆိုင်ရာ သတင်းစာရှင်းလင်းပွဲကို ကျင်းပခဲ့ရာ ဝူဟန့်မြို့၏ nucleic acid စုပေါင်းတိုင်းတာစစ်ဆေးရေး လုပ်ငန်းအကြောင်းကို မိတ်ဆက်ခဲ့ပါသည်။

ဟွာကျုံ သိပ္ပံနည်းပညာတက္ကသိုလ် ထုံကျိဆေးပညာကောလိပ် အများပြည်သူ ကျန်းမာရေးကောလိပ်မှ ပါမောက္ခ လူကျူရွှင်က မေလ ၁၄ ရက်နေ့ သုညနာရီမှ ဇွန်လ ၁ ရက်နေ့ ည ၁၂ နာရီအထိ ဝူဟန့်မြို့တွင် လူ ၉၈၉၉၈၂၈ ဦးကို nucleic acid တိုင်းတာစစ်ဆေးမှု ပြုလုပ်ခဲ့ပြီး ကူးစက်ခံရသူ မတွေ့ရှိကြောင်း၊ ရောဂါလက္ခဏာ မရှိသော ကူးစက်ခံရသူ ၃၀၀ ကို စစ်ဆေးတွေ့ရှိပြီး စစ်ဆေးတွေ့ရှိမှုနှုန်းမှာ လူတစ်သောင်းလျှင် ၀.၃၀၃ ဖြစ်ကာ ထိတွေ့ဆက်ဆံသူ ၁၁၇၄ ဦးကို ရှာဖွေတွေ့ရှိရကြောင်း၊ ရောဂါလက္ခဏာ မရှိသော ကူးစက်ခံရသူနှင့် ထိတွေ့ဆက်ဆံသူအားလုံးသည် သီးခြားနေထိုင်နေပြီး စောင့်ကြပ်ကြည်ရှုနေကြောင်း၊ လက်ရှိအချိန်တွင် ရောဂါလက္ခဏာ မရှိသော ကူးစက်ခံရသူများသည် အခြားသူများအား ကူးစက်သောအခြေအနေကို မတွေ့ရှိသေးကြောင်း ပြောကြားပါသည်။

ဝူဟန့်မြို့ ဒုတိယမြို့တော်ဝန် ဟူယာ့ပိုက ဝူဟန့်မြို့၏ ယခုအကြိမ် nucleic acid စုပေါင်းတိုင်းတာစစ်ဆေးမှု ကုန်ကျစရိတ်များကို အစိုးရမှ တာဝန်ယူပြီး စုစုပေါင်းကုန်ကျစရိတ် ယွမ် သန်း ၉၀၀ ခန့်ဖြစ်ကြောင်း၊ ယခုအကြိမ် စစ်ဆေးခြင်းဖြင့် တစ်နိုင်ငံလုံးပြည်သူများ၏ စိတ်ချမှု၊ ဝူဟန့်မြို့သူမြို့သားများ၏ စိတ်အေးချမ်းမှုကို ရရှိကြောင်း ပြောကြားပါသည်။