宋冉

အမေရိကန်သည် တရုတ်ပညာတော်သင်များအား အကြောင်းမဲ့ ကန့်သတ်ခြင်းသည် နောက်ဆုတ်သည့်လုပ်ရပ် ဖြစ်သည်

(GMT+08:00)2020-06-03 15:39:34  

တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနမှ ပြောရေးဆိုခွင့်ရှိသူ ကျောက်လိကျန်းက အမေရိကန်သည် တရုတ်ပညာတော်သင်များ၏ အမေရိကန်ရောက် ဗီဇာများကို အကြောင်းမဲ့ ကန့်သတ်ခြင်းသည် နောက်ဆုတ်သည့်လုပ်ရပ် ဖြစ်ကြောင်း ယခုလ ၂ ရက်နေ့က ပီကင်းပုံမှန်သတင်းစာရှင်းလင်းပွဲ၌ ပြောကြား ခဲ့သည်ဟု China Media Group မှ သတင်းအရ သိရပါသည်။

သက်ဆိုင်ရာမေးမြန်းချက်ကို ပြန်လည်ဖြေကြားခဲ့ရာ၌ ကျောက်လိကျန်းက ထိုသို့ ပြောကြားခဲ့ခြင်းဖြစ်သည်။ ဆက်လက်၍ ၄င်းက အခြားကိစ္စရပ်များနှင့် နည်းတူ Pompeo သည် မိမိ၏ မှားယွင်းမှုများအတွက် အကြောင်းပြချက်များကို ရှာကြံလေ့ရှိကြောင်း၊ အမေရိကန်သည် တရုတ်ပညာတော်သင်များ၏ အမေရိကန်ရောက် ဗီဇာများကို အကြောင်းမဲ့ ကန့်သတ်ခြင်းမှာ တရုတ်ပညာတော်သင်များ၏ တရားဝင် အခွင့်အရေးကို ဆိုးရွားစွာ ကျူးလွန်ခြင်းဖြစ်ပြီး၊ ကိုယ့်ကိုယ်ကိုယ်လည်း ထိခိုက် သူများကိုလည်း ထိခိုက်မည်သာ ဖြစ်ကြောင်း ဖော်ပြခဲ့သည်ဟု သတင်းအရသိရသည်။