宋冉

ဝူဟန့်မြို့သည် လုံခြုံစိတ်ချရပြီး ဝူဟန့်မြို့သူမြို့သား ကျန်းမာသည်ဟု လီလန်ကျွမ်ဆို

(GMT+08:00)2020-06-03 15:45:51  

ဇွန်လ၂ရက်နေ့ ညနေပိုင်းက ဟူပေပြည်နယ် အစိုးရ သတင်းပြန်ကြားရေးရုံးသည် COVID-19 ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းဆိုင်ရာ သတင်းစာရှင်းလင်းပွဲကို ကျင်းပခဲ့သည်။ သတင်းစာ ရှင်းလင်းပွဲကို ဗီဒီယိုဖြင့် ဆက်သွယ်ရာတွင် တရုတ်နိုင်ငံတော် ကျန်းမာရေးကော်မရှင် အဆင့်မြင့်ပညာရှင်များအဖွဲ့ဝင်၊ တရုတ်အင်ဂျင်နီယာတံခွန်အသင်းကြီးမှ ပညာရှင်လီလန်ကျွမ်က ဝူဟန့်မြို့သည် လုံခြုံစိတ်ချရပြီး ဝူဟန့်မြို့သူမြို့သားများလည်း ကျန်းမာကာ ဝူဟန့်မြို့က အစိမ်းရောင် ကျန်းမာရေးကုတ်နံပါတ်ကို အသိအမှတ်ပြုသင့်ကြောင်း၊ ဝူဟန့်မြို့သူမြို့သားများကို တန်းတူရည်တူ သဘောထားလျှင် ဝူဟန့်မြို့သူမြို့သားများအား အကောင်းဆုံးသော ကျေးဇူးတင်ခြင်းဖြစ်ကြောင်း ပြောကြားပါသည်။

လီလန်ကျွမ်က ဝူဟန့်မြို့တွင် ယခုအကြိမ် လူ ၉ သန်း ၉ သိန်းနီးပါး nucleic acid  တိုင်းတာစစ်ဆေးမှုကို ပြုလုပ်ပြီး ယခင်က စစ်ဆေးဖူးသူများနှင့် ပေါင်းလျှင် ၁၀၉.၀၉ သိန်း တိုင်းတာစစ်ဆေးဖူးကာ လူအားလုံးကို လွှမ်းမိုးပြီဖြစ်၍ ယင်းသည် တစ်ကမ္ဘာလုံးတွင် ရှာမှရှားသော အရေးကြီးကိစ္စတစ်ရပ်ဖြစ်ကြောင်း ပြောကြားပါသည်။