宋冉

အာဖရိကနိုင်ငံ ၁၁ နိုင်ငံသို့ ကူးစက်ရောဂါ တိုက်ဖျက်ရေး ဆေးပညာရှင် ၁၄၈ ဦးကို စေလွှတ်ခဲ့ပြီဟု တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ဆို

(GMT+08:00)2020-06-03 15:36:51  

တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနမှ ပြောရေးဆိုခွင့်ရှိသူ ကျောက်လိကျန်းက အာဖရိက နိုင်ငံများ၏ COVID-19 ကူးစက်ရောဂါ တိုက်ဖျက်ရေးကို ထောက်ခံရန်အတွက် သက်ဆိုင်ရာနိုင်ငံများ၏ ဖိတ်ကြားချက်အရ တရုတ်နိုင်ငံသည် အာဖရိက နိုင်ငံ ၁၁ နိုင်ငံသို့ ကူးစက်ရောဂါတိုက်ဖျက်ရေးဆိုင်ရာ ဆေးပညာရှင် ၁၄၈ ဦး ပါဝင်သည့် ဆေးပညာရှင်အဖွဲ့များကို စေလွှတ်ပြီဖြစ်ကြောင်း ယခုလ ၂ ရက်နေ့က ပီကင်း၌ ကျင်းပသည့် ပုံမှန် သတင်းစာ ရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်ဟု China Media Groupမှ သတင်းအရ သိရပါသည်။