宋冉

ရှင်းကျန်း ကျေးလက်ဒေသတွင် အခမဲ့မူကြိုကျောင်း ပညာရေး ဘက်စုံ ဖုံးလွှမ်းနေပြီ

(GMT+08:00)2020-06-03 17:46:06  

လွန်ခဲ့သည့်နှစ်များတွင် တရုတ်ပြည် ရှင်းကျန်း ဝေဂါ ကိုယ်ပိုင်အုပ်ချုပ်ရေးဒေသ အစိုးရသည် ယွမ် ၁၆.၃ ဘီလီယံကို ထုတ်ပေးပြီး ကျေးလက် မူကြိုကျောင်း ၄၄၀၈ ကျောင်းကို အသစ်တည်ဆောက် သို့မဟုတ် ပြန်လည်ပြုပြင် တိုးချဲ့တည်ဆောက်၍ အခမဲ့ မူကြိုကျောင်း ပညာရေး ဘက်စုံဖုံးလွှမ်းပြီ ဖြစ်သည်။ လက်ရှိအချိန်တွင် ရှင်းကျန်းမှ အသက် ၄နှစ်မှ ၆နှစ်အထိ ဖြစ်သည့် ကလေးငယ်အားလုံး မူကြိုကျောင်းများတွင် ပညာသင်ယူနေပြီး အခမဲ့ နေ့လယ်စာ၊ မုန့်ပဲသရေစာနှင့် သစ်သီးဝလံကိုလည်း ရရှိနေကြသည်ဟု China Media Groupမှ သတင်းအရသိရပါသည်။