宋冉

COVID-19 ကူးစက်ရောဂါသည် စက်ရုပ်နည်းပညာလုပ်ငန်းအတွက် အခွင့်အလမ်း သစ်များကို ဆောင်ကြဉ်းလာ

(GMT+08:00)2020-06-03 17:45:43  

COVID-19 ကူးစက်ရောဂါဖြစ်ပွားခဲ့သည့်နောက်ပိုင်း စက်ရုပ်နည်းပညာလုပ်ငန်းသည် ဖွံ့ဖြိုးတိုးတက်ရန် အခွင့်အလမ်းသစ် များစွာ တိုးလာပါသည်။ ပါဆယ်ပို့ စက်ရုပ်၊ မောင်းသူမဲ့ကားနှင့် စက်ရုပ်များ အလုပ်လုပ်ကိုင်သည့် စက်ရုံများ စတင် ပေါ်ထွက်လာနေပါသည်။ AIစက်ရုပ်များ အသုံးပြုခြင်းသည် အားသာချက်များ တဖြည်းဖြည်း ပေါ်လွင်လာသည်ဟု China Media Group မှ သတင်းအရသိရပါသည်။

၂၀၁၉ ခုနှစ် တရုတ်စက်ရုပ် လုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေး အစီရင်ခံစာအရ လက်ရှိအချိန်တွင် တရုတ် စက်ရုပ်လုပ်ငန်း ဈေးကွက်သည် မြန်နှုန်းမြင့် တိုးတက်ရေး ကာလသို့ ဝင်ရောက်နေပြီး တရုတ်ပြည်၏ စက်ရုပ် စက်မှုလုပ်ငန်းသည် လွန်ခဲ့သည့် ၇ နှစ်အတွင်း ကမ္ဘာ့အကြီးဆုံးဈေးကွက်ဖြစ်လာ၍ ဝန်ဆောင်မှုစက်ရုပ် ဝယ်လိုအားလည်း တိုးလာပါသည်။ ၂၀၁၉ ခုနှစ်က တရုတ်ပြည် စက်ရုပ် ဈေးကွက် အတိုင်းအတာမှာ အမေရိကန်ဒေါ်လာ သန်း ၈၆၈၀ ရှိသည်ဟု သတင်း ရရှိပါသည်။