辛甜

ဟောင်ကောင် အကြောင်းပေါ်မှာ သွေးထိုးလှုံ့ဆော်မှု ပြုခဲ့တဲ့ အမေရိကန် နိုင်ငံရေးသမားတို့ဟာ တန်ပြန်မှုကို ရင်ဆိုင်နေ

(GMT+08:00)2020-06-02 09:23:08  

မကြာခင်က အမေရိကန် Minnesota ပြည်နယ်မှာ ရဲတို့ရဲ့ ကြမ်းတမ်းစွာ ဥပဒေ ကျင့်သုံးတာကြောင့် အာဖရိကအနွယ်ဖွား တစ်ဦး သေဆုံးခဲ့တယ်။ ဒီ့နောက်မှာ အမေရိကန် မြို့ ၇၀ ကျော်မှာ လူအမြောက်အမြား ဆန္ဒပြနေခဲ့ကြရာ ဆန္ဒပြပွဲများမှာ ဓါးပြတိုက်မှု၊ လုယက်မှု၊ မီးတင်ရှို့မှု စတာတွေလည်း ဖြစ်ပွါးခဲ့တယ်။ ဒီလိုမျိုး ဖြစ်ရပ်တွေဟာ ပြီးခဲ့တဲ့နှစ်က ဟောင်ကောင်မှာလည်း ဖြစ်ပွါးခဲ့ဖူးတယ်။

အဲဒီတုန်းက အမေရိကန် နိုင်ငံရေးသမားတို့က ဟောင်ကောင်မှာ ဖြစ်ပွါးခဲ့တဲ့ အကြမ်းဖက် လှုပ်ရှားမှုများကို အားပေးအားမြှောက် လုပ်ပြီး ဒါတွေကို “သာယာတဲ့ ရှုခင်း” လို့တောင် ခေါ်လိုက်သေးတယ်။ သူတို့ဟာ ဟောင်ကောင် အကြမ်းဖက် သမားများကို “ဒီမိုကရေစီ စစ်သား” လို့ အမွှန်းတင် ခေါ်ဝေါ်ပြီး၊ တစ်လျှောက်လုံး ကိုယ့်ကိုယ်ကိုယ် ထိန်းချုပ်ပြီး ဥပဒေ ကျင့်သုံးနေခဲ့တဲ့ ဟောင်ကောင် ရဲတို့ကိုတော့ အပြစ်တင် ပုတ်ခတ် ပြောဆို ခဲ့တယ်။ ဒါပေမယ့် ဆင်တူတဲ့ ဖြစ်ရပ်တွေ အမေရိကန်မှာ ဖြစ်ပွါးတဲ့အခါမှာတော့ အမေရိကန် နိုင်ငံရေးသမားတို့ရဲ့ သဘောထားဟာ ပြောင်းပြန်ကြီး ဖြစ်သွားပါတယ်၊ သူတို့ဟာ ပြည်တွင်း ဒေသများစွာမှာ ဖြစ်ပွါးနေတဲ့ ဆန္ဒပြလှုပ်ရှားမှုကို “ဆူပူမှု” အဖြစ် သတ်မှတ်ခဲ့တယ်၊ ကားမောင်းပြီး လူအုပ်ထဲမှာ ထိုးဝင် တိုက်မိတဲ့ ရဲကို “စံပြ” အဖြစ် ချီးကျူးခဲ့တယ်၊ ဒါ့အပြင် ဆန္ဒပြသူများကို “သေနတ်နဲ့ပစ်မယ်”၊ တပ်ဖွဲ့စေလွှတ်ပြီး နှိမ်နင်းမယ်လို့တောင် ခြိမ်းခြောက် ပြောဆိုခဲ့တယ်။

အဲဒီလို စံနှစ်မျိုးထား လုပ်ဆောင်ခြင်းကနေ အမေရိကန် နိုင်ငံရေးသမားတို့က ရွေးကောက်ပွဲအတွက် မဲဆွယ်ဖို့နဲ့ နိုင်ငံရေးဆိုင်ရာ ကိုယ်ကျိုးစီးပွါး ရှာကြံဖို့အတွက် အမည်းကို အဖြူဖြစ်အောင် ဘယ်လို ပြောဆို လုပ်ကိုင်နေသလဲ ဆိုတာနဲ့၊ “ဟောင်ကောင်ပြည်သူများနဲ့ အတူတူ ရပ်တည်ကြတယ်”လို့ အကြိမ်ကြိမ် ပြောနေတဲ့ အမေရိကန် နိုင်ငံရေးသမားတို့ဟာ အမှန်တော့ ပြည်သူတွေရဲ့ အသက်ကို လုံးဝ အလေးမထားဘဲ ဘာမဆို ကိုယ်ကျိုးရှာဖို့ အတွက်ပဲ ဖြစ်တယ် ဆိုတာကို လူတွေက ရှင်းရှင်းလင်းလင်း တွေ့မြင်ရတယ်လို့ China Media Groupမှ သတင်းဆောင်းပါး တစ်ပုဒ်မှာ ရေးသားဖေါ်ပြ ထားပါတယ်။