辛甜

တစ်ညအတွင်း လူ ရာနှင့်ချီ ဖမ်းဆီးခံရ၊ ဝါရှင်တန်တွင် တပ်ဖွဲ့ စီမံချထား

(GMT+08:00)2020-06-02 10:43:32  

အမေရိကန်ရဲများ ကြမ်းတမ်းစွာ ဥပဒေကျင့်သုံးသဖြင့် အာဖရိကအနွယ်ဖွားတစ်ဦး သေဆုံးရာကနေ ဖြစ်ပွားသော ဆန္ဒပြပွဲများ အမေရိကန်ဒေသအရပ်ရပ်၌ ဆက်တိုက် ကျင်းပလျက် ရှိပါသည်။ အမေရိကန်ပြည်နယ်တစ်ဝက်ကျော်တွင် အမျိုးသားကာကွယ်ရေး ရဲတပ်ဖွဲ့ကို အသုံးပြုပြီး မေလ ၃၁ ရက်နေ့မှ ဇွန်လ ၁ ရက်နေ့ လင်းအားကြီးချိန်အထိ အမေရိကန် ဒေသအရပ်ရပ်တွင် လူ ရာနှင့်ချီ ဖမ်းဆီးခံရသည်ဟု သိရပါသည်။

ဒေသစံတော်ချိန် ဇွန်လ ၁ ရက်နေ့က အမေရိကန်မြို့တော် ဝါရှင်တန်က အရပ်သူအရပ်သားများသည် အိမ်ဖြူတော်အပြင်ဘက်၌ ဆန္ဒပြပွဲကို ဆက်လက်ကျင်းပပြီး တရားမျှတမှု မရှိလျှင် ငြိမ်းချမ်းရေးရှိမည် မဟုတ် ဟူသော ကြွေးကြော်သံကို အော်ဟစ် နေခဲ့သည်။ ထိုနေ့က ဝါရှင်တန်မြို့တွင် ည ၇ နာရီမတိုင်ခင် အိမ်ပြန်ရမည်ဟု သတ်မှတ်ထားပါသည်။

图片默认标题_fororder_1

图片默认标题_fororder_2

图片默认标题_fororder_3