辛甜

တရုတ်-အိန္ဒိယ နယ်နိမိတ်ပြဿနာဆိုင်ရာ ဆွေးနွေးဖလှယ်ရေးလမ်းကြောင်း အဆင်ပြေ သည်ဟု နိုင်ငံခြားရေးဝန်ကြီးဌာနဆို

(GMT+08:00)2020-06-02 10:39:56  

တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနမှ ပြောရေးဆိုခွင့်ရှိသူ ကျောက်လိကျန်းက လက်ရှိအချိန်တွင် တရုတ်-အိန္ဒိယ နယ်စပ်ဒေသ အခြေအနေသည် ခြုံပြီးပြောလျှင် တည်ငြိမ်ပြီး ထိန်းချုပ်၍ ရကြောင်း၊ တရုတ်-အိန္ဒိယ နယ်နိမိတ်ပြဿနာဆိုင်ရာ ဆွေးနွေးဖလှယ်ရေးလမ်းကြောင်း အဆင်ပြေကြောင်း ဇွန်လ ၁ ရက်နေ့က ပြောကြားပါသည်။

ကျောက်လိကျန်းက တရုတ်နိုင်ငံအနေနှင့် နယ်နိမိတ်ပြဿနာနှင့်ပတ်သက်၍ နှစ်နိုင်ငံ ခေါင်းဆောင်များ ရရှိခဲ့သော အရေးကြီး သဘောတူညီချက်များကို တိကျစွာ လက်တွေ့ ဖေါ်ဆောင်လျက်ရှိပြီး နှစ်နိုင်ငံ ချုပ်ဆိုထားသော သဘောတူညီချက်ကို တင်းကျပ်စွာ လိုက်နာဆောင်ရွက်ကာ နိုင်ငံတော် ပိုင်နက်နယ်မြေ အချုပ်အခြာအာဏာပိုင်ခွင့် လုံခြုံရေးနှင့် တရုတ်-အိန္ဒိယ နယ်စပ်ဒေသ အေးချမ်းတည်ငြိမ်ရေးကို ထိန်းသိမ်း ကာကွယ်ကြောင်း၊ နှစ်ဖက်တို့သည် စေ့စပ်ဆွေးနွေးခြင်းဖြင့် နှစ်နိုင်ငံအကြား ပြဿနာကို သင့်လျော်စွာ ဖြေရှင်းနိုင်မည်ဟု ယုံကြည်ကြောင်း ပြောကြားပါသည်။