辛甜

အမေရိကန်၏ စာချုပ် ဖျက်သိမ်းခြင်းနှင့် အဖွဲ့အစည်းများမှ နုတ်ထွက်ခြင်းကို ကြိမ်ပေါင်းများစွာ ပြုလုပ်ခြင်းအပေါ် နိုင်ငံတကာမိသားစုကြီး ကျယ်ကျယ်ပြန့်ပြန့် လက်မခံ

(GMT+08:00)2020-06-02 10:29:43  

အမေရိကန်နိုင်ငံ၏ ကမ္ဘာ့ကျန်းမာရေးအဖွဲ့နှင့် ဆက်ဆံမှုရပ်စဲရန်ကြေညာချက် နှင့်ပတ်သက်၍ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနမှ ပြောရေးဆိုခွင့်ရှိသူ ကျောက်လိကျန်းက ဇွန်လ ၁ ရက်နေ့က ပီကင်းမြို့၌ တုံ့ပြန်ပြောဆိုရာတွင်  လွန်ခဲ့သည့်အချိန်ပိုင်းတစ်ပိုင်းအတွင်း အမေရိကန်နိုင်ငံသည် စာချုပ်များကို ဖျက်သိမ်းခြင်းနှင့် အဖွဲ့အစည်းများမှ နုတ်ထွက်ခြင်းကို ကြိမ်ပေါင်းများစွာ ပြုလုပ်ခဲ့ပြီး နိုင်ငံတကာမိသားစုကြီးသည် ကျယ်ကျယ်ပြန့်ပြန့် လက်မခံကြောင်း ပြောကြားခဲ့သည်ဟု China  Media Group မှ သတင်းအရ သိရပါသည်။

ကျောက်လိကျန်းက အမှန်တော့ လွန်ခဲ့သည့် အချိန်ပိုင်းတစ်ပိုင်းအတွင်း အမေရိကန်နိုင်ငံသည် ယူနက်စကိုအဖွဲ့နှင့် ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီ အပါအဝင် နိုင်ငံတကာ အဖွဲ့အစည်းများစွာမှ  ရှေ့ဆင့်နောက်ဆင့် နုတ်ထွက်ခဲ့ကြောင်း၊ ထို့အပြင် ပါရီသဘောတူစာချုပ်နှင့် အီရန် နျူကလီးယားပြဿနာဆိုင်ရာဘက်စုံသဘောတူစာချုပ်၊ တာလတ်ပစ်ဒုံးကျည်စာချုပ် စသည့်စာချုပ်များမှလည်း နုတ်ထွက်ခဲ့ကြောင်း၊ အမေရိကန်၏ ကမ္ဘာ့ကျန်းမာရေးအဖွဲ့နှင့် ဆက်ဆံမှုရပ်စဲရန် ဆုံးဖြတ်ချက်သည် ၄င်း၏ တစ်ဖက်သတ်ဝါဒနှင့် အာဏာရှင်ဝါဒ ကျင့်သုံးခြင်းကို နောက်ထပ်တစ်ကြိမ် ပေါ်လွင်လာစေကြောင်း ပြောကြားခဲ့သည်ဟု သတင်းအရသိရပါသည်။