辛甜

ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ်ဆိုင်ရာ ဆင်းရဲသူများ အကူအညီပေး အလုပ်အကိုင်နေရာ ချထားရေး စက်ရုံများသည် ဆင်းရဲသူ ၂ သိန်းကျော် ဆင်းရဲမှု ပပျောက်စေပြီ၊ အွန်လိုင်း ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ်ဆိုင်ရာ ဈေးဝယ်ပွဲ ကျင်းပမည်

(GMT+08:00)2020-06-02 10:29:03  
တရုတ် “ယဉ်ကျေးမှုနှင့်သဘာဝအမွေအနှစ်နေ့”ကျရောက်တော့မည်။ တရုတ် ယဉ်ကျေးမှုနှင့် ခရီးသွား ဝန်ကြီးဌါနမှ ဇွန်လ ၁ ရက်နေ့က သတင်းအရ တရုတ်ပြည် တစ်ပြည်လုံးတွင် ဒြပ်မဲ့ယဉ်ကျေးမှု အမွေအနှစ်ဆိုင်ရာ ဆင်းရဲသူများ အကူအညီပေး အလုပ်အကိုင် နေရာချထားရေး စက်ရုံ ၂၀၀၀ကျော် ရှိပြီ ဖြစ်ပြီး ယင်းစက်ရုံများတွင်  လူ၅သိန်းခန့် အလုပ်အကိုင်နေရာချထားပေးခဲ့ပြီ ဖြစ်ကာ ဆင်းရဲသူ ၂သိန်းကျော် ဆင်းရဲမှု ပပျောက်စေခဲ့ပြီဖြစ်ကြောင်း၊ ထို့အပြင် “ယဉ်ကျေးမှုနှင့် သဘာဝအမွေအနှစ်နေ့” ကျရောက်မည့် အခါသမယတွင် ဒေသအရပ်ရပ်တွင် ဒြပ်မဲ့ ယဉ်ကျေးမှု အမွေအနှစ်များကို ဆက်ခံရန်နှင့် ဆင်းရဲမှု ပပျောက်စေရန်အတွက် အွန်လိုင်း ဒြပ်မဲ့ အမွေအနှစ်ဆိုင်ရာ ဈေးဝယ်ပွဲကိုလည်း ပြုလုပ်မည်ဖြစ်ကြောင်း China Media Groupမှ သတင်းအရသိရပါသည်။