辛甜

ဟိုင်နန် လွတ်လပ်သော ကုန်သွယ်ရေးဆိပ်ကမ်း တည်ဆောက်ရေးနှင့် ပတ်သက်ပြီး ရှီကျင့်ဖိန် ညွှန်ကြားပြောဆို

(GMT+08:00)2020-06-02 10:00:24  

တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ အထွေထွေအတွင်းရေးမှူး ရှီကျင့်ဖိန်သည် မကြာခင်က ဟိုင်နန် လွတ်လပ်သော ကုန်သွယ်ရေးဆိပ်ကမ်း တည်ဆောက်ရေးနှင့် ပတ်သက်ပြီး ညွှန်ကြားပြောဆိုခဲ့ရာ တရုတ်ကွန်မြူနစ်ပါတီ၏ ဦးဆောင်မှု စွဲကိုင်ရန်၊ တရုတ်ဝိသေသ ထူးခြားချက်ပါရှိသည့် ဆိုရှယ်လစ်စနစ်ကို စွဲကိုင်ရန်၊ နိုင်ငံတကာ အဆင့်မြင့် စီးပွားကုန်သွယ်ရေး စည်းမျဉ်းစည်ကမ်းများနှင့် ဆက်နွှယ်ထားရန်၊ အရည်အသွေးနှင့် စံချိန်စံနှုန်းမြင့်မားစွာဖြင့် လွတ်လပ်သော ကုန်သွယ်ရေးဆိပ်ကမ်း တည်ဆောက်သွားရန် အလေးထားပြောကြားခဲ့ကြောင်း China Media Group က ဖော်ပြပါသည်။