邹立莹

ရုရှားသည် ဆီးရီးယားသို့ နောက်ထပ်တစ်သုတ် MiG-29 တိုက်လေယာဉ်များ လွှဲပြောင်းပေးအပ်

(GMT+08:00)2020-06-01 15:07:13  

图片默认标题_fororder_8

      ဆီးရီးယား နိုင်ငံတော် ရုပ်မြင်သံကြားဌာန၏ မေလ ၃၀ရက်နေ့က သတင်းအရ ရုရှားတပ်ဖွဲ့သည် ယင်းနေ့က ဆီးရီးယားနိုင်ငံ အနောက်ပိုင်းရှိ ဟမေမီမ် စစ်အခြေစိုက်စခန်းတွင် ဆီးရီးယား အစိုးရတပ်ဖွဲ့သို့ နောက်ထပ်တစ်သုတ် MiG-29 တိုက်လေယာဉ်များကို လွှဲပြောင်းပေးအပ်ခဲ့ကြောင်း China Media Group မှ သတင်းအရ သိရပါသည်။

      ဆီးရီးယားမီဒီယာမှ သတင်းတွင် တိုက်လေယာဉ်၏ အရေအတွက် အသေးစိတ် ဖေါ်ပြခြင်း မရှိသော်လည်း မီဒီယာမှ ဖေါ်ပြချက်အရ အသစ်ပို့ဆောင်သော တိုက်လေယာဉ်များသည် အတိတ်ကနှင့် နှိုင်းစာလျှင် ပိုပြီး ဆန်းသစ် ခေတ်မီ ကြောင်း သတင်းအရ သိရပါသည်။