邹立莹

အမေရိကန် လူပါ SpaceX Dragon အာကာသယာဉ် အောင်မြင်စွာလွှတ်တင်

(GMT+08:00)2020-06-01 15:06:27  

图片默认标题_fororder_1

ဒေသစံတော်ချိန် မေလ ၃၀ ရက်နေ့ ညနေ ၃ နာရီ ၂၄ မိနစ်တွင် အမေရိကန်အာကာသယာဉ်မှူး ၂ ဦးကို သယ်ဆောင်ထားသည့် အမေရိကန် အာကာသစူးစမ်းလေ့လာရေးနည်းပညာကုမ္ပဏီ SpaceX Dragon အာကာသယာဉ်ကို အောင်မြင်စွာလွှတ်တင်ပြီး ဒုံးပျံ Falcon 9 ဖြင့် နိုင်ငံတကာ အာကာသစခန်းသို့ ပို့ဆောင်ပါသည်။

ယင်းသည် ၂၀၁၁ ခုနှစ်နောက်ပိုင်း အမေရိကန်သည် ပထမဆုံးအကြိမ်အဖြစ် ကိုယ့်နိုင်ငံထုတ် ဒုံးပျံနှင့် အာကာသယာဉ်ကို အသုံးပြုပြီး အမေရိကန်မှ အာကာသယာဉ်မှူးများကို အာကာသစခန်းသို့ ပို့ဆောင်ခြင်းဖြစ်ကြောင်းသိရပါသည်။